၄ ရာ 19:29-33 Common Language Bible (BCL)

29. ထို​နောက်​ဟေ​ရှာ​ယ​သည်​ဟေ​ဇ​ကိ​မင်း အား``နောင်​အ​ခါ​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ များ​၏​ရှေ့​ပြေး​နိ​မိတ်​ကား​ဤ​သို့​တည်း။ သင်​သည်​ယ​ခု​နှစ်​နှင့်​နောင်​နှစ်​ခါ​၌ စ​ပါး ရိုင်း​ကို​သာ​လျှင်​စား​ရ​လိမ့်​မည်။ သို့​ရာ​တွင် တ​တိ​ယ​နှစ်​၌​မူ​ဂျုံ​စ​ပါး​ကို​စိုက်​ပျိုး ရိတ်​သိမ်း​ရ​လိမ့်​မည်။ စ​ပျစ်​ပင်​များ​ကို​လည်း စိုက်​၍ စပျစ်​သီး​များ​ကို​စား​ရ​လိမ့်​မည်။-

30. ယု​ဒ​ပြည်​တွင်​အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ နေ​သူ​တို့​သည် မြေ​တွင်​နက်​စွာ​အ​မြစ်​စွဲ ၍​သီး​နှံ​များ​ကို​ဆောင်​သည့်​အ​ပင်​များ ကဲ့​သို့​တိုး​တက်​ဖွံ့​ဖြိုး​ကြ​လိမ့်​မည်။-

31. ယေ​ရု​ရှ​လင်​မြို့​နှင့်​ဇိ​အုန်​တောင်​ပေါ်​တွင်​လူ တို့​သည် အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ယင်း​သို့​ဖြစ်​ပျက်​စေ ရန်​ထာ​ဝ​ရ​ဘု​ရား​သန္နိ​ဋ္ဌာန်​ချမှတ်​ထား တော်​မူ​သော​ကြောင့်​ဖြစ်​၏။

32. ``အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း​၏​အ​ကြောင်း​နှင့်​ပတ် သက်​၍ ထာ​ဝ​ရ​ဘု​ရား​က`သူ​သည်​ဤ​မြို့​သို့ ဝင်​ရ​မည်​မ​ဟုတ်။ မြို့​ထဲ​သို့​လည်း​မြား​တစ် လက်​မျှ​ပစ်​လွှတ်​ရ​မည်​မ​ဟုတ်။ မြို့​ကို​ဝိုင်း​ရံ တိုက်​ခိုက်​ရန်​မြေ​က​တုတ်​များ​ကို​လည်း​ဖို့ လုပ်​ရ​မည်​မ​ဟုတ်။-

33. သူ​သည်​မြို့​ထဲ​သို့​မဝင်​ရ​ဘဲ​လာ​လမ်း​ဖြင့်​ပြန် ရ​မည်။ ဤ​ကား​ငါ​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ သော​စ​ကား​ဖြစ်​၏။-

၄ ရာ 19