1. ထိုသူတို့၏အစီရင်ခံချက်ကိုကြားလျှင် ကြားချင်းဟေဇကိမင်းသည် မိမိ၏အဝတ် တော်ကိုဆုတ်ပြီးလျှင်လျှော်တေကိုဝတ်၍ ထာဝရဘုရား၏ဗိမာန်တော်သို့ကြွတော် မူ၏။-
2. မင်းကြီးသည်နန်းတော်အုပ်ဧလျာကိမ်၊ နန်း တော်အတွင်းဝန်ရှေဗနနှင့်အသက်ကြီးသူ ယဇ်ပုရောဟိတ်များကို အာမုတ်၏သားဟေရှာ ယထံသို့စေလွှတ်တော်မူ၏။ ထိုသူတို့သည် လည်းလျှော်တေကိုဝတ်ဆင်ထားကြ၏။-