၄ ရာ 18:31-32-37 Common Language Bible (BCL)

4. သူ​သည်​ရုပ်​တု​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​များ ကို​ဖျက်​သိမ်း​၍ ကျောက်​တိုင်​များ​ကို​ချိုး​ဖျက် ကာ​အာ​ရှ​ရ​ဘု​ရား​မ​အား​ဆက်​ကပ်​ပူ​ဇော် ထား​သည့်​တံ​ခွန်​တိုင်​တို့​ကို​ခုတ်​လှဲ​၏။ မော​ရှေ ပြု​လုပ်​ခဲ့​သည့်​ကြေး​ဝါ​မြွေ​ကို​လည်း အ​ပိုင်း ပိုင်း​ဖြတ်​လေ​သည်။ ထို​မြွေ​ရုပ်​ကား​န​ဟုတ္တန်​ဟု နာ​မည်​တွင်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​ထို​အ​ချိန်​ကာ​လ​တိုင်​အောင်​ပင် ထို​မြွေ ရုပ်​အား​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​၍​ပူ​ဇော်​ခဲ့ ကြ​သ​တည်း။-

5. ဟေ​ဇ​ကိ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ကို​ကိုး​စား သူ​ဖြစ်​၏။ ရှေး​ကာ​လ​မှ​စ​၍​နောင်​ကာ​လ တိုင်​အောင် ယု​ဒ​ပြည်​တွင်​သူ​ကဲ့​သို့​သော ဘု​ရင်​တစ်​ပါး​မျှ​မ​ပေါ်​ပေါက်​ချေ။-

6. သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​သစ္စာ​စောင့်​၍ ကိုယ် တော်​၏​စ​ကား​တော်​ကို​အ​ဘယ်​အ​ခါ​၌​မျှ မ​လွန်​ဆန်။ မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​ပေး တော်​မူ​သော​ပ​ညတ်​တော်​တို့​ကို​သေ​ချာ​စွာ စောင့်​ထိန်း​၏။-

7. သို့​ဖြစ်​၍​ထာ​ဝရ​ဘု​ရား​သည်​သူ​နှင့်​အ​တူ​ရှိ တော်​မူ​သ​ဖြင့် သူ​သည်​ပြု​လေ​သ​မျှ​သော အ​မှု​တို့​တွင်​အောင်​မြင်​လေ​သည်။ သူ​သည် အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​ကို​အ​ညံ့​မ​ခံ​ဘဲ ပုန်​ကန်​လေ​သည်။-

8. ဖိ​လိတ္တိ​ပြည်​သား​တို့​ကို​လည်း​တိုက်​ခိုက်​နှိမ်​နင်း လေ​၏။ ဂါ​ဇ​မြို့​နှင့်​ပတ်​ဝန်း​ကျင်​နယ်​မြေ​အ​ပါ အ​ဝင်​သူ​တို့​နေ​ထိုင်​ရာ အ​ငယ်​ဆုံး​ကျေး​ရွာ မှ​အ​ကြီး​ဆုံး​မြို့​သို့​တိုင်​အောင်​သွား​ရောက် တိုက်​ခိုက်​လု​ယက်​လေ​သည်။

9. ဣ​သ​ရေ​လ​ဘု​ရင်​ဟော​ရှေ​၏​နန်း​စံ​ခု​နစ် နှစ်​မြောက်၊ ဟေ​ဇ​ကိ​မင်း​၏​နန်း​စံ​လေး​နှစ်​မြောက် ၌ အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​ရှာ​လ​မ​နေ​ဇာ သည် ဣ​သ​ရေ​လ​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​၍ ရှ​မာ​ရိ​မြို့​ကို​ဝိုင်း​ရံ​ထား​၏။-

31-32. ဟေ​ဇ​ကိ​၏​စ​ကား​ကို​နား​မ​ထောင်​ကြ​နှင့်။ မြို့​ထဲ မှ​ထွက်​၍​လက်​နက်​ချ​ကြ​ရန် သင်​တို့​အား​အာ​ရှု​ရိ ဧ​က​ရာဇ်​ဘု​ရင်​အ​မိန့်​တော်​ရှိ​၏။ သင်​တို့​အား ဧ​က​ရာဇ်​ဘု​ရင်​သည်​သင်​တို့​၏​ပြည်​နှင့်​တူ​သည့် ပြည်၊ ဆန်​စ​ပါး၊ စ​ပျစ်​ရည်​သစ်​နှင့်​ပြည့်​စုံ​သော ပြည်၊ မုန့်​နှင့်​စ​ပျစ်​ဥ​ယျာဉ်​ရှိ​သော​ပြည်၊ သံ​လွင် ဆီ​နှင့်​ပျား​ရည်​ရှိ​သော​ပြည်​သို့​မ​ပို့​ဆောင်​မီ အ​တော​အ​တွင်း​၌ သင်​တို့​သည်​မိ​မိ​တို့​၏ စ​ပျစ်​ပင်​များ​နှင့်​သင်္ဘော​သ​ဖန်း​ပင်​များ​မှ အ​သီး​များ​ကို​စား​ကြ​၍ မိ​မိ​တို့​၏​ရေ​တွင်း များ​မှ​ရေ​ကို​လည်း​သောက်​သုံး​ခွင့်​ရ​လိမ့်​မည်။ ဧ​က​ရာဇ်​မင်း​အ​မိန့်​ရှိ​သည်​အ​တိုင်း​လိုက် နာ​ပါ​လျှင် သင်​တို့​သည်​သေ​ရ​ကြ​မည်​မ​ဟုတ်။ အ​သက်​ရှင်​ခွင့်​ရ​ရှိ​ကြ​လိမ့်​မည်။ ထာ​ဝရ ဘု​ရား​သည်​ငါ​တို့​ကို​ကယ်​ဆယ်​တော်​မူ​နိုင် သည်​ဟု သင်​တို့​ထင်​မှတ်​စေ​ရန်​ဟေ​ဇ​ကိ လှည့်​စား​သည်​ကို​နား​မ​ထောင်​ကြ​နှင့်။-

33. အ​ခြား​လူ​မျိုး​တို့​၏​ဘု​ရား​များ​သည်​ထို​သူ တို့​၏​ပြည်​များ​ကို အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင် ၏​လက်​မှ​ကယ်​ဆယ်​ခဲ့​ကြ​ပါ​သ​လော။-

34. ဟာ​မတ်​ပြည်​နှင့်​အာ​ပဒ်​ပြည်​တို့​၏​ဘု​ရား များ​သည် ယ​ခု​အ​ဘယ်​မှာ​ရှိ​ပါ​သ​နည်း။ သေ​ဖ​ရ​ဝိမ်​ပြည်၊ ဟေန​ပြည်​နှင့်​ဣ​ဝါ​ပြည် တို့​၏​ဘု​ရား​များ​သည် အ​ဘယ်​မှာ​ရှိ​ပါ သ​နည်း။ သူ​တို့​သည်​ရှ​မာ​ရိ​ပြည်​ကို​ကယ် ခဲ့​ကြ​ပါ​သ​လော။-

35. ထို​တိုင်း​ပြည်​အ​ပေါင်း​တို့​၏​ဘု​ရား​များ​အ​နက် အ​ဘယ်​မည်​သော​ဘု​ရား​သည် မိ​မိ​ပြည်​ကို​ငါ တို့​ဧ​က​ရာဇ်​ဘု​ရင်​၏​လက်​မှ​အ​ဘယ်​အ​ခါ က​ကယ်​ခဲ့​ဖူး​ပါ​သ​နည်း။ ယင်း​သို့​ဖြစ်​ပါ​မူ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ယေ​ရု​ရှ​လင်​မြို့​ကို ကယ်​တော်​မူ​နိုင်​သည်​ဟု သင်​တို့​အ​ဘယ်​ကြောင့် ထင်​မှတ်​ကြ​ပါ​သ​နည်း'' ဟု​ဆို​၏။-

36. ပြည်​သူ​တို့​သည်​ဟေ​ဇ​ကိ​မင်း​မှာ​ကြား​လိုက် သည်​အ​တိုင်း​ဆိတ်​ဆိတ်​နေ​ကြ​၏။ စ​ကား​တစ် ခွန်း​ကို​မျှ​ပြန်​၍​မ​ပြော​ကြ။-

37. ထို​နောက်​ဧ​လျာ​ကိမ်၊ ရှေ​ဗ​န​နှင့်​ယော​အာ​တို့ သည်​ဝမ်း​နည်း​လျက် မိ​မိ​တို့​အ​ဝတ်​များ​ကို ဆုတ်​ကာ​အာ​ရှု​ရိ​အ​ရာ​ရှိ​၏​စကား​ကို​မင်း ကြီး​ထံ​ပြန်​ကြား​လျှောက်​ထား​ကြ​၏။

၄ ရာ 18