23. ငါ၏သခင်ဧကရာဇ်ဘုရင်သည် သင်တို့နှင့် အလောင်းအစားပြုမည်။ သင်တို့သည်မြင်းစီး သူရဲနှစ်ထောင်ရအောင်ရှာနိုင်မည်ဆိုလျှင် သင် တို့အားမြင်းကောင်ရေနှစ်ထောင်ကိုငါပေးမည်။-
24. သင်တို့သည်အာရှုရိတပ်မတော်တွင်အငယ်ဆုံး သောဗိုလ်ကိုပင်ယှဉ်ပြိုင်နိုင်မှုမရှိဘဲ အီဂျစ်အမျိုး သားတို့ထံမှစစ်ရထားနှင့်မြင်းစီးသူရဲအကူ အညီများကိုစောင့်မျှော်ကြပါသည်တကား။-
25. ငါသည်ထာဝရဘုရား၏အကူအညီမပါဘဲ သင်တို့၏ပြည်ကိုတိုက်ခိုက်ဖျက်ဆီးသည်ဟု သင် တို့ထင်မှတ်ကြပါသလော။ သင်တို့ပြည်ကိုတိုက် ခိုက်ဖျက်ဆီးရန် ထာဝရဘုရားကိုယ်တော်တိုင် ပင်ငါ့အားစေခိုင်းတော်မူ၏'' ဟုဆို၏။
26. ထိုအခါဧလျာကိမ်၊ ရှေဗနနှင့်ယောအာတို့ သည် ထိုအရာရှိအား``အရှင်၊ အာရမိဘာသာ စကားဖြင့်အကျွန်ုပ်တို့အားအမိန့်ရှိပါ။ ထို စကားကိုအကျွန်ုပ်တို့နားလည်ပါသည်။ ဟေဗြဲ ဘာသာစကားကိုမသုံးပါနှင့်။ မြို့ရိုးပေါ်ရှိ လူအပေါင်းတို့နားထောင်လျက်နေကြပါ သည်'' ဟုပြော၏။
27. ထိုသူက``ဧကရာဇ်ဘုရင်သည်သင်တို့နှင့်သင်တို့ ဘုရင်အား ဤစကားများကိုပြောကြားရန်ငါ့ အားစေလွှတ်တော်မူလိုက်သည်ဟုမထင်ကြနှင့်။ ငါသည်မြို့ရိုးပေါ်တွင်ထိုင်နေကြသူတို့အားလည်း ပြောကြားပါ၏။ သင်တို့နည်းတူသူတို့သည်လည်း မိမိတို့၏ကျင်ကြီးကျင်ငယ်ကိုပြန်၍စားသောက် ကြရလိမ့်မည်'' ဟုပြန်ပြော၏။
28. ထိုနောက်သူသည်ထ၍ ဟေဗြဲဘာသာစကား ဖြင့်``သင်တို့အားအာရှုရိဧကရာဇ်ဘုရင်မိန့် တော်မူသောစကားကိုနားထောင်ကြလော့။-
29. သင်တို့အားဟေဇကိလှည့်စားသည်ကိုနားမ ယောင်ကြနှင့်။ ဟေဇကိသည်သင်တို့အားမကယ် နိုင်။-
30. ထာဝရဘုရားကိုအားကိုးရန်သူ၏သွေး ဆောင်စကားကိုနားမထောင်ကြနှင့်။ ထာဝရ ဘုရားသည် သင်တို့အားကယ်တော်မူမည်ဟူ ၍လည်းကောင်း၊ အာရှုရိတပ်မတော်အား ဤ မြို့ကိုသိမ်းယူခွင့်ပေးတော်မူလိမ့်မည်မဟုတ် ဟူ၍လည်းကောင်းမထင်မှတ်ကြနှင့်။-