10. သုံးနှစ်ကြာသောအခါရှမာရိမြို့ကျဆုံး သွားလေသည်။ ယင်းသို့ဖြစ်ပျက်သည်မှာဟေ ဇကိ၏နန်းစံလေးနှစ်မြောက်နှင့် ဟောရှေ၏ နန်းစံကိုးနှစ်မြောက်၌ဖြစ်သတည်း။-
11. အာရှုရိဧကရာဇ်ဘုရင် သည်ဣသရေလအမျိုးသားတို့အား သုံ့ပန်းများ အဖြစ်ဖမ်းသွားပြီးလျှင်အချို့ကိုဟာလမြို့၌ လည်းကောင်း၊ အချို့ကိုဂေါဇန်ခရိုင်ဟာဗော်မြစ် အနီး၌လည်းကောင်း၊ အချို့ကိုမေဒိပြည်ရှိ မြို့များ၌လည်းကောင်းနေထိုင်စေ၏။
12. ရှမာရိမြို့ကျဆုံးရခြင်းမှာ ဣသရေလအမျိုး သားတို့သည် မိမိတို့၏ဘုရားသခင်ထာဝရ ဘုရား၏စကားတော်ကိုနားမထောင်ဘဲ ကိုယ် တော်ပြုတော်မူသည့်ပဋိညာဉ်တော်ကိုချိုး ဖောက်ကာ ထာဝရဘုရား၏အစေခံမောရှေ ပေးအပ်ခဲ့သည့်ပညတ်တော်တို့ကိုမစောင့် ထိန်းကြသောကြောင့်ဖြစ်၏။ သူတို့သည်စကား တော်ကိုနားမထောင်အမိန့်တော်ကိုလည်း မလိုက်နာကြ။
13. ဟေဇကိမင်းနန်းစံတစ်ဆယ့်လေးနှစ်မြောက်၌ အာရှုရိဧကရာဇ်ဘုရင်သနာခရိပ်သည် ယုဒ ပြည်ရှိခံတပ်မြို့များကိုသိမ်းယူလေသည်။-
14. ဟေဇကိသည်စေတမန်လွှတ်၍လာခိရှမြို့ရှိ သနာခရိပ်အား``အကျွန်ုပ်မှားပါပြီ။ အရှင်၏ တိုက်ခိုက်မှုကိုရပ်စဲတော်မူပါ။ အရှင်တောင်းဆို သမျှအကျွန်ုပ်ပေးပါမည်'' ဟုလျှောက်စေ၏။ ဧကရာဇ်ဘုရင်ကမိမိထံသို့ငွေဆယ်တန်နှင့် ရွှေတစ်တန်ပေးဆက်ရမည်ဖြစ်ကြောင်းပြန် ကြားလိုက်လေသည်။-
15. ဟေဇကိသည်ဗိမာန်တော်နှင့်နန်းတော်ဘဏ္ဍာ တိုက်၌ ရှိသမျှသောငွေကိုလည်းကောင်း၊-
16. ဗိမာန်တော်တံခါးဝများနှင့် မိမိကိုယ်တိုင် မွမ်းမံချယ်လှယ်ထားသည့်တံခါးတိုင်များမှ ရွှေကိုလည်းကောင်းသနာခရိပ်အားပေး၏။-
17. အာရှုရိဧကရာဇ်ဘုရင်သည် ယေရုရှလင်မြို့ ကိုတိုက်ခိုက်ရန် မိမိ၏ထိပ်သီးအရာရှိသုံးဦး အုပ်ချုပ်သည့်တပ်မတော်ကြီးကိုလာခိရှမြို့ မှစေလွှတ်လိုက်လေသည်။ ယေရုရှလင်မြို့သို့ ရောက်သောအခါ သူတို့သည်အထက်ရေကန်မှ စီးဆင်းလာသည့်ရေမြောင်းအနီး အထည်ယက် လုပ်သူတို့၏အလုပ်စခန်းတည်ရာလမ်းတွင် တပ်စခန်းချကြ၏။-
18. ထို့နောက်သူတို့သည်ဟေဇကိမင်းအားလူလွှတ် ၍ဖိတ်ခေါ်ကြ၏။ ထိုအခါဟေဇကိ၏နန်းတွင်း အရာရှိသုံးဦးတို့သည် ထိုသူတို့နှင့်တွေ့ဆုံရန် ထွက်လာကြ၏။ သူတို့ကားဟိလခိ၏သားနန်း တော်အုပ်ဧလျာကိမ်၊ နန်းတော်အတွင်းဝန်ရှေဗန နှင့် အာသပ်၏သားအမှုတွဲထိန်းယောအာတို့ ဖြစ်သတည်း။-
19. အာရှုရိအမျိုးသားတစ်ဦးကသူတို့အား``အာ ရှုရိဘုရင်ကဟေဇကိမင်းအား`သင်သည်အဘယ် ကြောင့်မိမိကိုယ်ကို ဤမျှယုံကြည်ကိုးစားလျက် နေသနည်း။-