19. သို့ရာတွင်ယုဒပြည်သူတို့ပင်လျှင်မိမိတို့ ဘုရားသခင်ထာဝရဘုရား၏ပညတ်တော် တို့ကိုမစောင့်ထိန်းကြ။ သူတို့သည်ဣသရေလ ပြည်သူတို့ခံယူကျင့်သုံးခဲ့သည့်ဋ္ဌလေ့ထုံးစံ များကိုအတုခိုးကြ၏။-
20. ထာဝရဘုရားသည်ဣသရေလအမျိုးသား အပေါင်းတို့ကိုစွန့်တော်မူ၏။ သူတို့အားမျက် မှောက်တော်မှနှင်ထုတ်၍ ရက်စက်သည့်ရန်သူ များ၏လက်သို့အပ်နှင်းတော်မူသည့်တိုင် အောင်ဒဏ်ခတ်တော်မူ၏။
21. ဣသရေလပြည်ကိုယုဒပြည်မှထာဝရ ဘုရားခွဲထုတ်တော်မူလိုက်သောအခါ ဣသ ရေလအမျိုးသားတို့သည်နေဗတ်၏သား ယေရောဗောင်ကိုမင်းမြှောက်ကြ၏။ သူတို့အား ယေရောဗောင်သည်ထာဝရဘုရားကိုစွန့်စေ ရန်လည်းကောင်း၊ ကြောက်မက်ဖွယ်ကောင်းသည့် အပြစ်ဒုစရိုက်များကိုကူးလွန်စေရန် လည်းကောင်းရှေ့ဆောင်လမ်းပြခဲ့၏။-
22. သူတို့သည်ယေရောဗောင်၏အတုကိုယူ၍ သူပြုသမျှအပြစ်ကိုပြုကြ၏။-
23. ထိုကြောင့်ထာဝရဘုရားသည်သူတို့အား အစေခံပရောဖက်များအားဖြင့် သတိ ပေးမိန့်မှာတော်မူခဲ့သည့်အတိုင်းမျက် မှောက်တော်မှနှင်ထုတ်တော်မူ၏။ သို့ဖြစ်၍ ဣသရေလအမျိုးသားတို့သည်အာရှုရိ ပြည်သို့ပြည်နှင်ဒဏ်ခံရလျက် ထိုပြည် တွင်ယနေ့တိုင်အောင်နေထိုင်ရကြလေ သည်။
24. အာရှုရိဧကရာဇ်ဘုရင်သည်ဗာဗုလုန်မြို့၊ ကုသမြို့၊ အာဝမြို့၊ ဟာမတ်မြို့နှင့်သေဖရ ဝိမ်မြို့တို့မှလူတို့အားခေါ်ဆောင်၍ ပြည်နှင် ဒဏ်သင့်သူဣသရေလအမျိုးသားတို့နေ ထိုင်ခဲ့သောမြို့ရွာများတွင်နေထိုင်စေလေ သည်။ သူတို့သည်ရှမာရိပြည်မြို့ရွာများ ကို အပိုင်ရလျက်အတည်တကျနေထိုင် ကြ၏။-
25. ယင်းသို့နေထိုင်စဉ်သူတို့သည်ထာဝရဘုရား ကိုမကိုးကွယ်ကြ။ သို့ဖြစ်၍ကိုယ်တော်သည် ခြင်္သေ့များကိုစေလွှတ်၍လူအချို့ကိုကိုက် သတ်စေတော်မူ၏။-
26. ရှမာရိပြည်သို့သွားရောက်နေထိုင်ကြသည့် လူတို့သည် ထိုပြည်စောင့်နတ်ဘုရား၏တရား ကိုမသိနားမလည်ကြသဖြင့် ထိုဘုရား သည်ခြင်္သေ့များကိုစေလွှတ်၍ သူတို့အား ကိုက်သတ်စေကြောင်းကိုအာရှုရိဧကရာဇ် ဘုရင်ကြားသိသောအခါ၊-
27. မင်းကြီးက``ထိုပြည်မှငါတို့ဖမ်းဆီးခဲ့ သောသုံ့ပန်းများအနက် ယဇ်ပုရောဟိတ် တစ်ပါးကိုပြန်၍စေလွှတ်လော့။ လူတို့အား ထိုပြည်စောင့်ဘုရား၏တရားကိုသွန်သင် ပေးနိုင်ရန်သူ့အား ထိုပြည်သို့ပြန်လည် သွားရောက်နေထိုင်စေကြလော့'' ဟုမိန့် တော်မူ၏။-
28. သို့ဖြစ်၍ရှမာရိပြည်မှသုံ့ပန်းများအနက် ဣသရေလယဇ်ပုရောဟိတ်တစ်ပါးသည် ဗေသလမြို့သို့သွားရောက်နေထိုင်၍ ထာဝရ ဘုရားအားအဘယ်သို့ကိုးကွယ်ရမည်ကို လူတို့အားသွန်သင်၏။