၄ ရာ 15:20-31 Common Language Bible (BCL)

20. ယင်း​သို့​ဆက်​သ​နိုင်​ရန်​မေ​န​ဟင်​သည် ဣ​သ​ရေ​လ သူ​ဌေး​သူ​ကြွယ်​များ​ထံ​မှ​တစ်​ဦး​လျှင် ငွေ​သား ငါး​ဆယ်​စီ​ကောက်​ယူ​၏။ သို့​ဖြစ်​၍​တိ​ဂ​လတ် ပိ​လေ​သာ​သည်​မိ​မိ​၏​တိုင်း​ပြည်​သို့​ပြန်​သွား လေ​၏။

21. မေ​န​ဟင်​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ ရှိ​သ​မျှ​ကို ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား သ​တည်း။-

22. သူ​ကွယ်​လွန်​သော​အ​ခါ​သူ့​ကို​သင်္ဂြိုဟ်​ကြ​၏။ သူ​၏​သား​တော်​ပေ​က​ဟိ​သည်​ခ​မည်း​တော်​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။

23. ယု​ဒ​ဘု​ရင်​သြ​ဇိ​၏​နန်း​စံ​တစ်​ဆယ့်​ငါး နှစ်​မြောက်​၌ မေ​န​ဟင်​၏​သား​ပေ​က​ဟိ​သည် ဣ​သ​ရေ​လ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ရှ​မာ​ရိ​မြို့​၌​နှစ်​နှစ်​နန်း​စံ​လေ​သည်။-

24. သူ​သည်​နေ​ဗတ်​၏​သား​ယေ​ရော​ဗောင်​၏​ဆိုး ညစ်​သော​လမ်း​စဉ်​ကို​လိုက်​၍ ထာ​ဝ​ရ​ဘု​ရား အား​ပြစ်​မှား​၏။ ယေ​ရော​ဗောင်​ကား​ဣသ​ရေ​လ အ​မျိုး​သား​တို့​အား အ​ပြစ်​ကူး​လွန်​ရန်​ရှေ့ ဆောင်​လမ်း​ပြ​ခဲ့​သူ​ဖြစ်​သ​တည်း။-

25. ပေ​က​ဟိ​၏​တပ်​မ​တော်​အ​ရာ​ရှိ​တစ်​ဦး​ဖြစ် သူ​ပေ​ကာ​သည် ဂိ​လဒ်​ပြည်​သား​လူ​ငါး​ကျိပ် နှင့်​အ​တူ လျှို့​ဝှက်​ကြံ​စည်​ကာ​ပေ​က​ဟိ​ကို ရှ​မာ​ရိ​နန်း​တော်​အ​တွင်း​၌​လုပ်​ကြံ​ပြီး​နောက် သူ​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် လေ​သည်။

26. ပေ​က​ဟိ​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ ရှိ​သ​မျှ​ကို ဣသ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား သ​တည်း။

27. ယု​ဒ​ဘု​ရင်​သြဇိ​၏​နန်း​စံ​ငါး​ဆယ့်​နှစ်​နှစ် မြောက်​၌ ရေ​မ​လိ​၏​သား​ပေ​ကာ​သည် ဣ​သ​ရေ လ​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍​ရှ​မာ​ရိ​မြို့​၌ အ​နှစ်​နှစ်​ဆယ်​နန်း​စံ​လေ​သည်။-

28. သူ​သည်​နေ​ဗတ်​၏​သား​ယေ​ရော​ဗောင်​မင်း​၏​ဆိုး ညစ်​သော​လမ်း​စဉ်​ကို​လိုက်​၍ ထာ​ဝ​ရ​ဘု​ရား အား​ပြစ်​မှား​၏။ ယေ​ရော​ဗောင်​ကား​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား အ​ပြစ်​ကူး​လွန်​ရန်​ရှေ့ ဆောင်​လမ်း​ပြ​ခဲ့​သူ​ဖြစ်​၏။

29. ပေ​ကာ​မင်း​လက်​ထက်​တွင်​အာ​ရှု​ရိ​ဧ​က​ရာဇ် ဘု​ရင်​တိ​ဂ​လတ်​ပိ​လေ​သာ​သည်​ဣ​ယုန်​မြို့၊ အ​ဗေ​လ​ဗက်​မာ​ခါ​မြို့၊ ယာ​နော​မြို့၊ ကေ​ဒေ​ရှ မြို့​နှင့်​ဟာ​ဇော်​မြို့​များ​နှင့်​တ​ကွ​ဂိ​လဒ်​ပြည်၊ ဂါ​လိ​လဲ​နှင့်​န​ဿ​လိ​ပြည်​တို့​ကို​သိမ်း​ယူ​၍ လူ​တို့​အား အာ​ရှု​ရိ​ပြည်​သို့​သုံ့​ပန်း​များ အ​ဖြစ်​ဖမ်း​ဆီး​သွား​လေ​သည်။

30. သြ​ဇိ​၏​သား၊ ယု​ဒ​ဘု​ရင်​ယော​သံ​၏​နန်း​စံ အ​နှစ်​နှစ်​ဆယ်​မြောက်​၌​ဧ​လာ​၏​သား​ဟော​ရှေ သည် လျှို့​ဝှက်​ကြံ​စည်​ကာ​ပေ​ကာ​မင်း​ကို​လုပ် ကြံ​ပြီး​လျှင် သူ​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ ၍​နန်း​တက်​လေ​သည်။-

31. ပေ​ကာ​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ​ရှိ သ​မျှ​ကို ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား သ​တည်း။

၄ ရာ 15