8. ထိုနောက်အာမဇိသည် ဣသရေလဘုရင် ယဟောရှထံသို့သံတမန်များစေလွှတ် ပြီးလျှင် မိမိနှင့်စစ်ပြိုင်ရန်ဖိတ်ခေါ်လိုက် လေသည်။-
9. သို့ရာတွင်ယဟောရှမင်းက``အခါတစ်ပါးက လေဗနုန်တောင်ထိပ်တွင် ဆူးပင်တစ်ပင်ကသစ် ကတိုးပင်အား`သင်၏သမီးကိုငါ့သားနှင့် ပေးစားထိမ်းမြားလော့' ဟုအမှာစာပေးပို့ခဲ့၏။ သို့ရာတွင်အနီးမှဖြတ်သန်းလာသော သားရဲ တိရစ္ဆာန်တစ်ကောင်သည်ထိုဆူးပင်ကိုနင်းချေ လိုက်လေသည်။-
10. အချင်းအာမဇိ၊ ယခုအဆွေတော်သည် ဧဒုံ ပြည်သားတို့ကိုအနိုင်ရသဖြင့်စိတ်နေမြင့် လျက်နေ၏။ မိမိရရှိထားသည့်ကျော်စောကိတ္တိ ဖြင့်ပင်ကျေနပ်ရောင့်ရဲစွာ သင်၏နန်းတော်တွင် စံမြန်းပါလော့။ သင်သည်မိမိနှင့်ပြည်သူတို့ အားဆုံးပါးပျက်စီးစေမည့်ဘေးဒုက္ခကို အဘယ်ကြောင့်ရှာလိုပါသနည်း'' ဟုပြန် စာရေး၍ပေးပို့လိုက်၏။
11. သို့ရာတွင်သူ၏စကားကိုအာမဇိသည် နားမထောင်။ ထို့ကြောင့်ယဟောရှမင်းသည် မိမိ၏စစ်သည်တော်များနှင့်ချီတက်ပြီးလျှင် အာမဇိမင်းအားယုဒပြည်၊ ဗက်ရှေမက်မြို့ တွင်တိုက်ခိုက်လေသည်။-
12. အာမဇိ၏တပ်မတော်မှာအရေးရှုံးနိမ့်သ ဖြင့် သူ၏စစ်သည်အပေါင်းတို့သည်မိမိတို့ နေရပ်သို့ထွက်ပြေးကြကုန်၏။-
13. ယဟောရှသည်အာမဇိကိုဖမ်းဆီးကာ ယေရု ရှလင်မြို့သို့ချီတက်၍မြို့ရိုးပေခြောက်ရာ ကိုဧဖရိမ်တံခါးမှထောင့်တံခါးတိုင်အောင် ဖြိုချလိုက်၏။-
14. သူသည်မိမိတွေ့ရှိသမျှသောရွှေ၊ ငွေ၊ ဗိမာန် တော်အသုံးအဆောင်ရှိသမျှနှင့်ဘဏ္ဍာတော် တိုက်တွင် ရှိသမျှကိုယူ၍ရှမာရိမြို့သို့ သယ်ဆောင်သွားတော်မူ၏။ ယဟောရှမင်း သည်ဋ္ဌားစာခံများကိုလည်း ဖမ်းဆီးခေါ် ဆောင်ခဲ့လေသည်။