၄ ရာ 14:15-19 Common Language Bible (BCL)

15. ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​နှင့်​ဖြစ်​ပွား​သည့်​စစ်​ပွဲ​တွင် ယ​ဟော​ရှ​၏​လက်​ရုံး​ရည်​အ​ပါ​အ​ဝင်​သူ​လုပ် ဆောင်​ခဲ့​သည့် အ​ခြား​အ​မှု​အ​ရာ​အ​လုံး​စုံ​ကို ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-

16. ယ​ဟော​ရှ​ကွယ်​လွန်​သော​အ​ခါ သူ့​ကို​ရှ​မာ​ရိ မြို့​ရှိ​ဘု​ရင်​များ​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ် ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​ဒု​တိ​ယ မြောက်​ယေ​ရော​ဗောင်​သည် ခ​မည်း​တော်​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။

17. ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​သည် ဣသ​ရေ​လ​ဘု​ရင် ယ​ဟော​ရှ​ကွယ်​လွန်​ပြီး​နောက်​တစ်​ဆယ့်​ငါး နှစ်​တိုင်​တိုင်​အ​သက်​ရှင်​နေ​၏။-

18. အာ​မ​ဇိ​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ အ​လုံး​စုံ​ကို ယု​ဒ​ရာ​ဇဝင်​တွင်​ရေး​ထား​သ​တည်း။

19. အာ​မ​ဇိ​သည်​မိ​မိ​အား​လုပ်​ကြံ​ရန်​ယေ​ရု​ရှ​လင် မြို့​တွင် လျှို့​ဝှက်​ကြံ​စည်​မှု​တစ်​ရပ်​ဖြစ်​ပေါ်​လာ သ​ဖြင့် လာ​ခိ​ရှ​မြို့​သို့​ထွက်​ပြေး​လေ​သည်။ သို့ ရာ​တွင်​သူ​၏​ရန်​သူ​များ​သည်​ထို​မြို့​သို့ လိုက်​၍​သူ့​ကို​လုပ်​ကြံ​ကြ​၏။-

၄ ရာ 14