13. ယဟောရှသည်အာမဇိကိုဖမ်းဆီးကာ ယေရု ရှလင်မြို့သို့ချီတက်၍မြို့ရိုးပေခြောက်ရာ ကိုဧဖရိမ်တံခါးမှထောင့်တံခါးတိုင်အောင် ဖြိုချလိုက်၏။-
14. သူသည်မိမိတွေ့ရှိသမျှသောရွှေ၊ ငွေ၊ ဗိမာန် တော်အသုံးအဆောင်ရှိသမျှနှင့်ဘဏ္ဍာတော် တိုက်တွင် ရှိသမျှကိုယူ၍ရှမာရိမြို့သို့ သယ်ဆောင်သွားတော်မူ၏။ ယဟောရှမင်း သည်ဋ္ဌားစာခံများကိုလည်း ဖမ်းဆီးခေါ် ဆောင်ခဲ့လေသည်။
15. ယုဒဘုရင်အာမဇိနှင့်ဖြစ်ပွားသည့်စစ်ပွဲတွင် ယဟောရှ၏လက်ရုံးရည်အပါအဝင်သူလုပ် ဆောင်ခဲ့သည့် အခြားအမှုအရာအလုံးစုံကို ဣသရေလရာဇဝင်တွင်ရေးထားသတည်း။-
16. ယဟောရှကွယ်လွန်သောအခါ သူ့ကိုရှမာရိ မြို့ရှိဘုရင်များ၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ် ကြ၏။ ထိုနောက်သူ၏သားတော်ဒုတိယ မြောက်ယေရောဗောင်သည် ခမည်းတော်၏ အရိုက်အရာကိုဆက်ခံ၍နန်းတက်လေသည်။
17. ယုဒဘုရင်အာမဇိသည် ဣသရေလဘုရင် ယဟောရှကွယ်လွန်ပြီးနောက်တစ်ဆယ့်ငါး နှစ်တိုင်တိုင်အသက်ရှင်နေ၏။-
18. အာမဇိလုပ်ဆောင်ခဲ့သည့်အခြားအမှုအရာ အလုံးစုံကို ယုဒရာဇဝင်တွင်ရေးထားသတည်း။
19. အာမဇိသည်မိမိအားလုပ်ကြံရန်ယေရုရှလင် မြို့တွင် လျှို့ဝှက်ကြံစည်မှုတစ်ရပ်ဖြစ်ပေါ်လာ သဖြင့် လာခိရှမြို့သို့ထွက်ပြေးလေသည်။ သို့ ရာတွင်သူ၏ရန်သူများသည်ထိုမြို့သို့ လိုက်၍သူ့ကိုလုပ်ကြံကြ၏။-
20. သူ၏အလောင်းကိုမြင်းပေါ်တွင်တင်၍ယူ ဆောင်လာပြီးလျှင် ဒါဝိဒ်မြို့ရှိဘုရင်များ ၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြလေသည်။-
21. ထိုနောက်ယုဒပြည်သူတို့သည် အသက်တစ် ဆယ့်ခြောက်နှစ်ရှိသားတော်သြဇိကိုမင်း မြှောက်ကြ၏။-
22. သြဇိသည်ခမည်းတော်ကွယ်လွန်ပြီးသည် နောက် ဧလတ်မြို့ကိုတိုက်ခိုက်သိမ်းယူကာ ပြန်လည်ထူထောင်လေသည်။
23. ယောရှ၏သားတော်ယုဒဘုရင်အာမဇိ၏ နန်းစံတစ်ဆယ့်ငါးနှစ်မြောက်၌ ယဟောရှ၏ သားတော်ဒုတိယမြောက်ယေရောဗောင်သည် ဣသရေလပြည်ဘုရင်အဖြစ်နန်းတက်၍ ရှမာရိမြို့၌လေးဆယ့်တစ်နှစ်တိုင်တိုင်နန်း စံလေသည်။-
24. သူသည်ထာဝရဘုရားကိုပြစ်မှား၍ ဣသ ရေလအမျိုးသားတို့အားအပြစ်ကူးလွန် ရန် ရှေ့ဆောင်လမ်းပြခဲ့သောနေဗတ်၏သား ယေရောဗောင်၏ဆိုးယုတ်သည့်လမ်းစဉ်ကို လိုက်၏။-
25. သူသည်မြောက်သို့လားသော်ဟာမတ်တောင်ကြား လမ်း၊ တောင်သို့လားသော်ပင်လယ်သေတိုင်အောင် ယခင်အခါကဣသရေလပြည်၏ပိုင်နက်နယ် မြေမှန်သမျှတို့ကိုပြန်လည်သိမ်းယူလေသည်။ ဤကားဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားသည် မိမိ၏ကျွန်တော် ရင်း၊ ဂါသေဖာမြို့နေ၊ အမိတ္တဲ၏သားပရောဖက် ယောနအားဖြင့်မိန့်တော်မူခဲ့သောစကား တော်အတိုင်းပင်ဖြစ်သတည်း။
26. ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့ ပြင်းပြစွာခံစားနေရကြသောဆင်းရဲဒုက္ခ ကိုမြင်တော်မူ၏။ သူတို့အားကူမမည့်သူ တစ်ယောက်မျှမရှိချေ။-
27. ကိုယ်တော်သည်ထိုသူတို့အားထာဝစဉ်ပျက် ပြုန်းအောင်စီရင်ရန်အလိုတော်မရှိသဖြင့် ဒုတိယမြောက်ယေရောဗောင်မင်းအားဖြင့် သူတို့ကိုကယ်တော်မူ၏။
28. ဒုတိယမြောက်ယေရောဗောင်လုပ်ဆောင်ခဲ့သည့် အခြားအမှုအရာများ၊ တိုက်ပွဲတွင်သူ၏ လက်ရုံးရည်၊ ဒမာသက်မြို့နှင့်ဟာမတ်မြို့တို့ ကို ဣသရေလနိုင်ငံနယ်မြေအတွင်းသို့ပြန် လည်သိမ်းယူခဲ့ပုံအကြောင်းတို့ကို ဣသရေလ ရာဇဝင်တွင်ရေးထားသတည်း။-