၄ ရာ 14:10-25 Common Language Bible (BCL)

10. အ​ချင်း​အာ​မ​ဇိ၊ ယ​ခု​အ​ဆွေ​တော်​သည် ဧ​ဒုံ ပြည်​သား​တို့​ကို​အ​နိုင်​ရ​သ​ဖြင့်​စိတ်​နေ​မြင့် လျက်​နေ​၏။ မိ​မိ​ရ​ရှိ​ထား​သည့်​ကျော်​စော​ကိတ္တိ ဖြင့်​ပင်​ကျေ​နပ်​ရောင့်​ရဲ​စွာ သင်​၏​နန်း​တော်​တွင် စံ​မြန်း​ပါ​လော့။ သင်​သည်​မိ​မိ​နှင့်​ပြည်​သူ​တို့ အား​ဆုံး​ပါး​ပျက်​စီး​စေ​မည့်​ဘေး​ဒုက္ခ​ကို အ​ဘယ်​ကြောင့်​ရှာ​လို​ပါ​သ​နည်း'' ဟု​ပြန် စာ​ရေး​၍​ပေး​ပို့​လိုက်​၏။

11. သို့​ရာ​တွင်​သူ​၏​စ​ကား​ကို​အာ​မ​ဇိ​သည် နား​မ​ထောင်။ ထို့​ကြောင့်​ယ​ဟော​ရှ​မင်း​သည် မိ​မိ​၏​စစ်​သည်​တော်​များ​နှင့်​ချီ​တက်​ပြီး​လျှင် အာ​မ​ဇိ​မင်း​အား​ယု​ဒ​ပြည်၊ ဗက်​ရှေ​မက်​မြို့ တွင်​တိုက်​ခိုက်​လေ​သည်။-

12. အာ​မ​ဇိ​၏​တပ်​မ​တော်​မှာ​အ​ရေး​ရှုံး​နိမ့်​သ ဖြင့် သူ​၏​စစ်​သည်​အ​ပေါင်း​တို့​သည်​မိ​မိ​တို့ နေ​ရပ်​သို့​ထွက်​ပြေး​ကြ​ကုန်​၏။-

13. ယ​ဟော​ရှ​သည်​အာ​မ​ဇိ​ကို​ဖမ်း​ဆီး​ကာ ယေ​ရု ရှ​လင်​မြို့​သို့​ချီ​တက်​၍​မြို့​ရိုး​ပေ​ခြောက်​ရာ ကို​ဧ​ဖ​ရိမ်​တံ​ခါး​မှ​ထောင့်​တံ​ခါး​တိုင်​အောင် ဖြို​ချ​လိုက်​၏။-

14. သူ​သည်​မိ​မိ​တွေ့​ရှိ​သ​မျှ​သော​ရွှေ၊ ငွေ၊ ဗိ​မာန် တော်​အ​သုံး​အ​ဆောင်​ရှိ​သ​မျှ​နှင့်​ဘဏ္ဍာ​တော် တိုက်​တွင် ရှိ​သ​မျှ​ကို​ယူ​၍​ရှ​မာ​ရိ​မြို့​သို့ သယ်​ဆောင်​သွား​တော်​မူ​၏။ ယ​ဟော​ရှ​မင်း သည်​ဋ္ဌား​စာ​ခံ​များ​ကို​လည်း ဖမ်း​ဆီး​ခေါ် ဆောင်​ခဲ့​လေ​သည်။

15. ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​နှင့်​ဖြစ်​ပွား​သည့်​စစ်​ပွဲ​တွင် ယ​ဟော​ရှ​၏​လက်​ရုံး​ရည်​အ​ပါ​အ​ဝင်​သူ​လုပ် ဆောင်​ခဲ့​သည့် အ​ခြား​အ​မှု​အ​ရာ​အ​လုံး​စုံ​ကို ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-

16. ယ​ဟော​ရှ​ကွယ်​လွန်​သော​အ​ခါ သူ့​ကို​ရှ​မာ​ရိ မြို့​ရှိ​ဘု​ရင်​များ​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ် ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​ဒု​တိ​ယ မြောက်​ယေ​ရော​ဗောင်​သည် ခ​မည်း​တော်​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။

17. ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​သည် ဣသ​ရေ​လ​ဘု​ရင် ယ​ဟော​ရှ​ကွယ်​လွန်​ပြီး​နောက်​တစ်​ဆယ့်​ငါး နှစ်​တိုင်​တိုင်​အ​သက်​ရှင်​နေ​၏။-

18. အာ​မ​ဇိ​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ အ​လုံး​စုံ​ကို ယု​ဒ​ရာ​ဇဝင်​တွင်​ရေး​ထား​သ​တည်း။

19. အာ​မ​ဇိ​သည်​မိ​မိ​အား​လုပ်​ကြံ​ရန်​ယေ​ရု​ရှ​လင် မြို့​တွင် လျှို့​ဝှက်​ကြံ​စည်​မှု​တစ်​ရပ်​ဖြစ်​ပေါ်​လာ သ​ဖြင့် လာ​ခိ​ရှ​မြို့​သို့​ထွက်​ပြေး​လေ​သည်။ သို့ ရာ​တွင်​သူ​၏​ရန်​သူ​များ​သည်​ထို​မြို့​သို့ လိုက်​၍​သူ့​ကို​လုပ်​ကြံ​ကြ​၏။-

20. သူ​၏​အ​လောင်း​ကို​မြင်း​ပေါ်​တွင်​တင်​၍​ယူ ဆောင်​လာ​ပြီး​လျှင် ဒါ​ဝိဒ်​မြို့​ရှိ​ဘု​ရင်​များ ၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​လေ​သည်။-

21. ထို​နောက်​ယု​ဒ​ပြည်​သူ​တို့​သည် အ​သက်​တစ် ဆယ့်​ခြောက်​နှစ်​ရှိ​သား​တော်​သြ​ဇိ​ကို​မင်း မြှောက်​ကြ​၏။-

22. သြ​ဇိ​သည်​ခ​မည်း​တော်​ကွယ်​လွန်​ပြီး​သည် နောက် ဧ​လတ်​မြို့​ကို​တိုက်​ခိုက်​သိမ်း​ယူ​ကာ ပြန်​လည်​ထူ​ထောင်​လေ​သည်။

23. ယော​ရှ​၏​သား​တော်​ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​၏ နန်း​စံ​တစ်​ဆယ့်​ငါး​နှစ်​မြောက်​၌ ယ​ဟော​ရှ​၏ သား​တော်​ဒု​တိ​ယ​မြောက်​ယေ​ရော​ဗောင်​သည် ဣ​သ​ရေ​လ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ရှ​မာ​ရိ​မြို့​၌​လေး​ဆယ့်​တစ်​နှစ်​တိုင်​တိုင်​နန်း စံ​လေ​သည်။-

24. သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​၍ ဣသ ရေ​လ​အ​မျိုး​သား​တို့​အား​အ​ပြစ်​ကူး​လွန် ရန် ရှေ့​ဆောင်​လမ်း​ပြ​ခဲ့​သော​နေ​ဗတ်​၏​သား ယေ​ရော​ဗောင်​၏​ဆိုး​ယုတ်​သည့်​လမ်း​စဉ်​ကို လိုက်​၏။-

25. သူ​သည်​မြောက်​သို့​လား​သော်​ဟာမတ်​တောင်​ကြား လမ်း၊ တောင်​သို့​လား​သော်​ပင်​လယ်​သေ​တိုင်​အောင် ယ​ခင်​အ​ခါ​က​ဣသ​ရေ​လ​ပြည်​၏​ပိုင်​နက်​နယ် မြေ​မှန်​သ​မျှ​တို့​ကို​ပြန်​လည်​သိမ်း​ယူ​လေ​သည်။ ဤ​ကား​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​သည် မိ​မိ​၏​ကျွန်​တော် ရင်း၊ ဂါ​သေ​ဖာ​မြို့​နေ၊ အ​မိတ္တဲ​၏​သား​ပရော​ဖက် ယော​န​အား​ဖြင့်​မိန့်​တော်​မူ​ခဲ့​သော​စ​ကား တော်​အ​တိုင်း​ပင်​ဖြစ်​သ​တည်း။

၄ ရာ 14