1. ဣသရေလပြည်ဘုရင်ယေဟုမင်း၏နန်း စံခုနစ်နှစ်မြောက်တွင် ယောရှသည်ယုဒပြည် ဘုရင်အဖြစ်နန်းတက်၍ ယေရုရှလင်မြို့၌ အနှစ်လေးဆယ်နန်းစံလေသည်။ သူ၏မယ် တော်ကားဗေရရှေဘမြို့သူဇိဗိဖြစ်၏။-
2. သူသည်ယဇ်ပုရောဟိတ်ယောယဒ၏သွန် သင်မှုကိုခံယူရရှိသဖြင့် တစ်သက်လုံး ထာဝရဘုရားနှစ်သက်တော်မူသော အမှုများကိုပြု၏။-
3. သို့ရာတွင်ရုပ်တုကိုးကွယ်ရာဌာနများ ကိုမူကား မဖျက်မသိမ်းဘဲထားသဖြင့် ပြည်သူတို့သည်ထိုအရပ်များတွင်ယဇ် ပူဇော်၍နံ့သာပေါင်းကိုမီးရှို့ကြသေး၏။
20-21. ယောရှမင်း၏မှူးမတ်တို့သည်သူ့အားလုပ်ကြံရန် လျှို့ဝှက်ကြံစည်ကြ၏။ ထိုသူတို့အနက်ရှိမတ် ၏သားယောဇကာနှင့်ရှောမေရ၏သားယဟော ဇဗပ်တို့သည် ယေရုရှလင်မြို့အရှေ့ပိုင်းသိလ ရွာသွားရာလမ်းရှိဖို့မြေပေါ်တွင်တည်ဆောက် ထားသောစံနန်း၌သူ့အားလုပ်ကြံကြ၏။ သူ့ အားဒါဝိဒ်မြို့ရှိသင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက်သူ၏သားတော်အာမဇိသည် ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။