6. နောက်သုံးပုံတစ်ပုံမှာသုရတံခါးဝကို စောင့်ရကြမည်။ ကျန်သုံးပုံတစ်ပုံကမူ ကင်းနောက်တံခါးဝကိုစောင့်ရကြမည်။-
7. ဥပုသ်နေ့၌အားလပ်ခွင့်ရသောလူနှစ်စု သည်ကား ရှင်ဘုရင်အားကာကွယ်ရန် ဗိမာန် တော်ကိုစောင့်ရကြမည်။-
8. သူတို့သည်ဋ္ဌားလွတ်ကိုကိုင်ဆောင်ကာရှင် ဘုရင်အား စောင့်ရှောက်ရကြမည်။ မင်းကြီး သွားလေရာသို့သူနှင့်အတူလိုက်ရကြ မည်။ သင်တို့အနီးသို့ချဉ်းကပ်လာသူ မှန် သမျှကိုကွပ်မျက်ရမည်'' ဟုအမိန့်ပေး၏။
9. တပ်မှူးတို့သည်ယောယဒ၏ညွှန်ကြားချက် များကိုနာခံလျက် မိမိတို့တပ်များမှဥပုသ် နေ့၌တာဝန်ကျသောတပ်သားများနှင့် အား လပ်ခွင့်ရသည့်တပ်သားများကိုသူ၏ထံ သို့ခေါ်ခဲ့ကြ၏။-
10. ယောယဒသည်ထိုတပ်သားတို့အားဗိမာန် တော်တွင် ထားရှိသည့်ဒါဝိဒ်မင်း၏လှံနှင့် ဒိုင်းလွှားများကိုပေးအပ်လေသည်။-
11. သူသည်မင်းကြီးကိုကာကွယ်စောင့်ရှောက် ရန်အတွက်ထိုသူတို့အား ဗိမာန်တော် အရှေ့ဘက်တစ်ဝိုက်တွင်ဋ္ဌားလွတ်များ ကိုကိုင်၍နေရာယူစေ၏။-
12. ထိုနောက်ယောယဒသည်ယောရှအားထုတ် ဆောင်လာကာသရဖူကိုဆောင်းစေပြီး လျှင် မင်းကျင့်တရားကျမ်းကိုပေးအပ်၏။ ထို့နောက်သူ့အားဘိသိက်ပေး၍ ဘုရင် ဖြစ်ကြောင်းကြေညာလေသည်။ လူတို့သည် လည်းလက်ခုပ်တီးလျက်``မင်းကြီးသက် တော်ရှည်ပါစေသော'' ဟုကြွေးကြော် ကြကုန်၏။
13. အာသလိဘုရင်မသည်အစောင့်တပ်သား များနှင့် လူတို့၏ကြွေးကြော်သံကိုကြား သဖြင့် ပရိသတ်စုဝေးရာဗိမာန်တော်သို့ အဆောတလျင်လာသောအခါ၊-
14. ဗိမာန်တော်အဝင်ဝရှိတိုင်အနီး၌ ယုဒ မင်းတို့ဋ္ဌလေ့ထုံးစံရှိသည့်အတိုင်းရပ် လျက်နေသောဘုရင်သစ်ကိုလည်းကောင်း၊ တပ်မှူးများနှင့်တံပိုးခရာမှုတ်သူများ သည် မင်းကြီးကိုခြံရံလျက်လူအပေါင်း တို့ကလည်း ဝမ်းမြောက်ရွှင်လန်းစွာကြွေး ကြော်လျက် တံပိုးခရာများကိုမှုတ်လျက် နေကြသည်ကိုလည်းကောင်းမြင်လျှင် မိမိ၏အဝတ်ကိုဆုတ်လျက်``ပုန်ကန်မှု ပါတကား၊ ပုန်ကန်မှုပါတကား'' ဟု အော်ဟစ်၏။
15. ယောယဒသည်အာသလိအား ဗိမာန်တော် ဝင်းအတွင်း၌ကွပ်မျက်သည်ကိုမလိုလား သဖြင့်``သူ့အားအစောင့်တပ်သားများအကြား မှနေ၍ခေါ်သွားကြလော့၊ သူ့အားကယ်ရန် ကြိုးစားသူမှန်သမျှကိုကွပ်မျက်ကြလော့'' ဟုတပ်မှူးတို့အားအမိန့်ပေးလေသည်။-
16. တပ်မှူးတို့သည်လည်းအာသလိကိုဖမ်း ဆီးပြီးလျှင် နန်းတော်သို့ခေါ်ဆောင်ကာ မြင်းတံခါးဝ၌ကွပ်မျက်ကြ၏။