19. တပ်မှူးများ၊ ဘုရင်၏ကိုယ်ရံတော်တပ်သား များ၊ နန်းတော်အစောင့်တပ်သားများနှင့်အတူ မင်းကြီးအားနန်းတော်သို့ပို့ဆောင်ရာပြည်သူ တို့သည် သူတို့၏နောက်မှလိုက်ပါလာကြလေ သည်။ မင်းကြီးသည်ကင်းတံခါးဝမှဝင်တော် မူ၍ရာဇပလ္လင်ပေါ်တွင်ထိုင်တော်မူ၏။-
20. အာသလိအားနန်းတော်တွင်လုပ်ကြံနှင့် ပြီးဖြစ်ရာ ပြည်သူအပေါင်းတို့သည်ဝမ်း မြောက်၍မြို့တော်သည်လည်းအေးချမ်း လျက်နေ၏။
21. ယောရှသည်အသက်ခုနစ်နှစ်တွင် ယုဒ ပြည်ဘုရင်အဖြစ်နန်းတက်သတည်း။