၄ ရာ 11:13-17 Common Language Bible (BCL)

13. အာ​သ​လိ​ဘု​ရင်​မ​သည်​အ​စောင့်​တပ်​သား များ​နှင့် လူ​တို့​၏​ကြွေး​ကြော်​သံ​ကို​ကြား သ​ဖြင့် ပ​ရိ​သတ်​စု​ဝေး​ရာ​ဗိ​မာန်​တော်​သို့ အ​ဆော​တ​လျင်​လာ​သော​အ​ခါ၊-

14. ဗိ​မာန်​တော်​အ​ဝင်​ဝ​ရှိ​တိုင်​အ​နီး​၌ ယု​ဒ မင်း​တို့​ဋ္ဌ​လေ့​ထုံး​စံ​ရှိ​သည့်​အ​တိုင်း​ရပ် လျက်​နေ​သော​ဘု​ရင်​သစ်​ကို​လည်း​ကောင်း၊ တပ်​မှူး​များ​နှင့်​တံ​ပိုး​ခ​ရာ​မှုတ်​သူ​များ သည် မင်း​ကြီး​ကို​ခြံ​ရံ​လျက်​လူ​အ​ပေါင်း တို့​က​လည်း ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကြွေး ကြော်​လျက် တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​လျက် နေ​ကြ​သည်​ကို​လည်း​ကောင်း​မြင်​လျှင် မိ​မိ​၏​အ​ဝတ်​ကို​ဆုတ်​လျက်``ပုန်​ကန်​မှု ပါ​တ​ကား၊ ပုန်​ကန်​မှု​ပါ​တ​ကား'' ဟု အော်​ဟစ်​၏။

15. ယော​ယ​ဒ​သည်​အာ​သ​လိ​အား ဗိ​မာန်​တော် ဝင်း​အ​တွင်း​၌​ကွပ်​မျက်​သည်​ကို​မ​လို​လား သဖြင့်``သူ့​အား​အ​စောင့်​တပ်​သား​များ​အ​ကြား မှ​နေ​၍​ခေါ်​သွား​ကြ​လော့၊ သူ့​အား​ကယ်​ရန် ကြိုး​စား​သူ​မှန်​သမျှ​ကို​ကွပ်​မျက်​ကြ​လော့'' ဟု​တပ်​မှူး​တို့​အား​အ​မိန့်​ပေး​လေ​သည်။-

16. တပ်​မှူး​တို့​သည်​လည်း​အာ​သ​လိ​ကို​ဖမ်း ဆီး​ပြီး​လျှင် နန်း​တော်​သို့​ခေါ်​ဆောင်​ကာ မြင်း​တံ​ခါး​ဝ​၌​ကွပ်​မျက်​ကြ​၏။

17. ယော​ယ​ဒ​သည်​မင်း​ကြီး​နှင့်​တ​ကွ​ပြည်​သူ အ​ပေါင်း​တို့​အား ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး တော်​ဖြစ်​ကြ​စေ​ရန်​ကိုယ်​တော်​နှင့်​ပ​ဋိ​ညာဉ် ဖွဲ့​စေ​လေ​သည်။ မင်း​ကြီး​နှင့်​ပြည်​သူ​တို့​ကို လည်း​အ​ပြန်​အ​လှန်​ပ​ဋိ​ညာဉ်​ဖွဲ့​စေ​၏။-

၄ ရာ 11