၄ ရာ 11:1-11 Common Language Bible (BCL)

1. အာ​ခ​ဇိ​မင်း​၏​မယ်​တော်​အာ​သ​လိ​သည် မိ​မိ​၏​သား​တော်​အ​သတ်​ခံ​ရ​ကြောင်း သ​တင်း​ရ​သည်​နှင့်​တစ်​ပြိုင်​နက် မင်း​ဆွေ မင်း​မျိုး​ရှိ​သ​မျှ​တို့​ကို​သုတ်​သင်​ပစ်​ရန် အ​မိန့်​ပေး​လေ​သည်။-

2. အာ​ခ​ဇိ​၏​သား​ယော​ရှ​တစ်​ဦး​တည်း သာ​လျှင် လွတ်​မြောက်​သွား​၏။ အ​ခြား​သူ များ​နှင့်​အ​တူ​သူ့​အား​သတ်​မည့်​ဆဲ​ဆဲ ၌​ဒွေး​တော်​ယော​ရှေ​ဘ​က​ကယ်​ဆယ်​လိုက် လေ​သည်။ ယော​ရှေ​ဘ​သည်​ယ​ဟော​ရံ​မင်း ၏​သ​မီး​ဖြစ်​၍ အာ​ခ​ဇိ​နှင့်​အ​ဖေ​တူ အ​မေ​ကွဲ​မောင်​နှ​မ​တော်​သ​တည်း။ သူ သည်​ယော​ရှ​အ​သတ်​မ​ခံ​ရ​စေ​ရန်​ယော​ရှ နှင့်​အ​ထိန်း​တော်​အား​ခေါ်​၍ ဗိ​မာန်​တော် အိပ်​ခန်း​တွင်​ဝှက်​ထား​လေ​သည်။-

3. ဘု​ရင်​မ​အ​ဖြစ်​ဖြင့်​အာ​သ​လိ​နန်း​စံ​နေ​စဉ် သူ​သည်​ခြောက်​နှစ်​တိုင်​တိုင် ထို​သူ​ငယ်​ကို ကျွေး​မွေး​ပြု​စု​ကာ​ဗိ​မာန်​တော်​၌​ပုန်း အောင်း​၍​နေ​စေ​၏။

4. သို့​ရာ​တွင်​သတ္တမ​မြောက်​သော​နှစ်​သို့​ရောက် သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​သည် ဘု​ရင်​မ​၏​ကိုယ်​ရံ​တော်​တပ်​မှူး​များ​နှင့် နန်း​တော်​အ​စောင့်​တပ်​မှူး​များ​ကို​ဗိ​မာန် တော်​သို့​ခေါ်​ပြီး​လျှင် မိ​မိ​၏​အ​ကြံ​အ​စည် အ​တိုင်း​လိုက်​နာ​ကြ​ရန်​သစ္စာ​ဆို​စေ​၏။ ထို နောက်​သူ​သည်​ထို​သူ​တို့​အား အာ​မ​ဇိ မင်း​၏​သား​တော်​ယော​ရှ​ကို​ပြ​ပြီး​လျှင်၊-

5. ``ဥ​ပုသ်​နေ့​၌​တာဝန်​ထမ်း​ဆောင်​ရန်​လာ​သော အ​ခါ သင်​တို့​အ​နက်​သုံး​ပုံ​တစ်​ပုံ​သည်​နန်း တော်​ကို​စောင့်​ရ​ကြ​မည်။-

6. နောက်​သုံး​ပုံ​တစ်​ပုံ​မှာ​သု​ရ​တံ​ခါး​ဝ​ကို စောင့်​ရ​ကြ​မည်။ ကျန်​သုံး​ပုံ​တစ်​ပုံ​က​မူ ကင်း​နောက်​တံ​ခါး​ဝ​ကို​စောင့်​ရ​ကြ​မည်။-

7. ဥ​ပုသ်​နေ့​၌​အား​လပ်​ခွင့်​ရ​သော​လူ​နှစ်​စု သည်​ကား ရှင်​ဘု​ရင်​အား​ကာ​ကွယ်​ရန် ဗိ​မာန် တော်​ကို​စောင့်​ရ​ကြ​မည်။-

8. သူ​တို့​သည်​ဋ္ဌား​လွတ်​ကို​ကိုင်​ဆောင်​ကာ​ရှင် ဘု​ရင်​အား စောင့်​ရှောက်​ရ​ကြ​မည်။ မင်း​ကြီး သွား​လေ​ရာ​သို့​သူ​နှင့်​အ​တူ​လိုက်​ရ​ကြ မည်။ သင်​တို့​အ​နီး​သို့​ချဉ်း​ကပ်​လာ​သူ မှန် သ​မျှ​ကို​ကွပ်​မျက်​ရ​မည်'' ဟု​အ​မိန့်​ပေး​၏။

9. တပ်​မှူး​တို့​သည်​ယော​ယ​ဒ​၏​ညွှန်​ကြား​ချက် များ​ကို​နာ​ခံ​လျက် မိ​မိ​တို့​တပ်​များ​မှ​ဥ​ပုသ် နေ့​၌​တာ​ဝန်​ကျ​သော​တပ်​သား​များ​နှင့် အား လပ်​ခွင့်​ရ​သည့်​တပ်​သား​များ​ကို​သူ​၏​ထံ သို့​ခေါ်​ခဲ့​ကြ​၏။-

10. ယော​ယ​ဒ​သည်​ထို​တပ်​သား​တို့​အား​ဗိ​မာန် တော်​တွင် ထား​ရှိ​သည့်​ဒါ​ဝိဒ်​မင်း​၏​လှံ​နှင့် ဒိုင်း​လွှား​များ​ကို​ပေး​အပ်​လေ​သည်။-

11. သူ​သည်​မင်း​ကြီး​ကို​ကာ​ကွယ်​စောင့်​ရှောက် ရန်​အ​တွက်​ထို​သူ​တို့​အား ဗိ​မာန်​တော် အ​ရှေ့​ဘက်​တစ်​ဝိုက်​တွင်​ဋ္ဌား​လွတ်​များ ကို​ကိုင်​၍​နေ​ရာ​ယူ​စေ​၏။-

၄ ရာ 11