18. ယေဟုသည်ရှမာရိမြို့သားတို့အား စုဝေး စေပြီးသောအခါ``အာဟပ်မင်းသည်ဗာလ ဘုရားကိုအနည်းငယ်မျှသာကိုးကွယ်ခဲ့၏။ ငါသည်သူ့ထက်များစွာပို၍ထိုဘုရား ကိုကိုးကွယ်မည်။-
19. ဗာလဘုရား၏ပရောဖက်များ၊ ထိုဘုရား ကိုကိုးကွယ်သူများနှင့် ဗာလယဇ်ပုရော ဟိတ်များကိုခေါ်ဖိတ်ကြလော့။ ငါသည် ဗာလဘုရားအားတစ်ခမ်းတစ်နားယဇ် ပူဇော်မည်ဖြစ်၍ ထိုသူတို့အားလုံးလာ ရောက်ကြရမည်။ မည်သူတစ်စုံတစ်ယောက် မျှမလာဘဲမနေရ'' ဟုဆို၏။ (ယင်းသို့ ဆိုရာ၌ယေဟုသည် ဗာလဘုရားကို ကိုးကွယ်သူအပေါင်းအားသတ်ဖြတ်နိုင်ရန် ပရိယာယ်သုံးလိုက်ခြင်းဖြစ်ပေသည်။-)
20. ထိုနောက်ယေဟုက``ဗာလဘုရားကိုဝတ် ပြုကိုးကွယ်ရန် နေ့တစ်နေ့ကိုသတ်မှတ်ကြေ ညာကြလော့'' ဟုအမိန့်ပေးသည့်အတိုင်း ကြေညာချက်ထုတ်ပြန်ကြ၏။-
21. ထို့နောက်ယေဟုသည်ဣသရေလနိုင်ငံတစ် ဝှမ်းလုံးသို့သတင်းပေးပို့လိုက်သဖြင့် ဗာလ ဘုရားကိုကိုးကွယ်သူအပေါင်းတို့သည် တစ်ယောက်မကျန်လာရောက်ကြ၏။ ထိုသူ အားလုံးတို့သည်ဗာလဘုရားဗိမာန်ထဲ သို့ဝင်ကြရာ တစ်ဗိမာန်လုံးပြည့်လေသည်။-
22. ထိုအခါယေဟုသည်အမြတ်ထားသည့် ဝတ်လုံများကိုထိန်းသိမ်းရသူယဇ်ပုရော ဟိတ်အား ထိုဝတ်လုံတို့ကိုထုတ်၍ဝတ်ပြု ကိုးကွယ်သူတို့အားပေးအပ်စေ၏။-
23. ထိုနောက်မိမိကိုယ်တိုင်ရေခပ်၏သားယော နဒပ်နှင့်အတူ ဗာလဗိမာန်ထဲသို့ဝင်၍ထို အရပ်တွင်ရှိသူတို့အား``ဤနေရာတွင်ရှိ သောသူတို့သည်ဗာလဘုရားကိုဝတ်ပြု ကိုးကွယ်သူများသာဖြစ်စေရမည်။ ထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်သူတစ်စုံ တစ်ယောက်မျှမပါမရှိစေရန် သင်တို့ အသေအချာစစ်ဆေးကြလော့'' ဟု ဆို၏။-
24. ထိုနောက်သူနှင့်ယောနဒပ်သည် ဗာလဘုရား အားယဇ်ပူဇော်ရန်နှင့်ပူဇော်သကာများကို ဆက်သရန်အတွင်းသို့ဝင်ကြ၏။ ယေဟုသည် ဗာလဗိမာန်အပြင်တွင် လူရှစ်ဆယ်ကိုနေရာ ယူစေပြီးလျှင်``သင်တို့သည်ဤသူအပေါင်း ကိုသတ်ဖြတ်ရကြမည်။ အကယ်၍တစ်စုံ တစ်ယောက်ထွက်ပြေးလွတ်မြောက်သွားလျှင် တာဝန်ရှိသူသည်အသတ်ခံရမည်'' ဟု အမိန့်ပေးထားလေသည်။
25. ယေဟုသည်ပူဇော်သကာများကိုဆက်သ ပြီးသည်နှင့်တစ်ပြိုင်နက် အစောင့်တပ်သားများ နှင့်တပ်မှူးတို့အား``ဝင်၍ထိုသူအပေါင်းကို သတ်လော့။ တစ်ဦးတစ်ယောက်မျှမလွတ်သွား စေနှင့်'' ဟုပြော၏။ သူတို့သည်ဋ္ဌားလွတ်များ ကိုင်ဆောင်ကာ ထိုသူတို့ကိုသတ်ပြီးလျှင် အလောင်းများကိုအပြင်သို့ဆွဲထုတ်ကြ ၏။ ထိုနောက်သူတို့သည်ဗာလဗိမာန်အတွင်း ခန်းသို့ဝင်၍၊-
26. ဗာလဘုရားကျောက်တိုင်ကိုယူပြီးလျှင် မီးရှို့ကြ၏။-
27. သို့ဖြစ်၍သူတို့သည်ဗာလကျောက်တိုင်နှင့် ဗာလဗိမာန်ကိုဖြိုဖျက်ပစ်ကြ၏။ ထိုဘုရား ဗိမာန်ကိုကိုယ်လက်သုတ်သင်ရန် အိမ်အဖြစ် အသုံးပြုခဲ့သည်မှာယနေ့တိုင်အောင်ပင် ဖြစ်သတည်း။
28. ဤကားဗာလဘုရားအားကိုးကွယ်မှုကို ဣသရေလပြည်တွင်ပယ်ရှားခဲ့ပုံပင်ဖြစ်၏။-
29. သို့ရာတွင်ယေဟုသည်ယေရောဗောင်မင်း ကိုအတုခိုး၏။ ယေရောဗောင်ကားဣသ ရေလအမျိုးသားတို့အားဗေသလမြို့ နှင့်ဒန်မြို့တွင် မိမိပြုလုပ်ထားသည့်ရွှေ နွားရုပ်များကိုဝတ်ပြုကိုးကွယ်စေသည့် အပြစ်ကိုကူးလွန်ခဲ့၏။-
30. ထာဝရဘုရားကယေဟုအား``သင်သည် ငါပြုစေလိုသည့်အတိုင်း အာဟပ်၏သား မြေးတို့ကိုပယ်ရှားခဲ့လေပြီ။ သို့ဖြစ်၍ သင်၏သားမြေးတို့အား စတုတ္ထအဆက် တိုင်အောင်ဣသရေလပြည်ကိုအုပ်စိုးစေ မည်'' ဟုမိန့်တော်မူ၏။-
31. သို့ရာတွင်ယေဟုသည် ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား၏ ပညတ်တရားတော်ကိုစိတ်နှလုံးအကြွင်း မဲ့မလိုက်လျှောက်ဘဲ ဣသရေလအမျိုး သားတို့အားအပြစ်ကူးလွန်ရန် လမ်းပြ သူယေရောဗောင်၏လမ်းစဉ်ကိုလိုက်လေ သည်။
32. ထိုအခါကာလ၌ထာဝရဘုရားသည် ဣသရေလနယ်မြေ၏အကျယ်အဝန်း ကိုကျုံ့စေတော်မူ၏။ ရှုရိဘုရင်ဟာဇေ လသည်၊-
33. ယော်ဒန်မြစ်အရှေ့ဘက်ရှိဣသရေလနယ် မြေအားလုံးကို တောင်ဘက်အာနုန်မြစ်ကမ်း ပေါ်ရှိအာရော်မြို့သို့တိုင်အောင်သိမ်းယူလေ သည်။ ထိုနယ်မြေတွင်ဂဒ်၊ ရုဗင်နှင့်အရှေ့မနာ ရှေမျိုးနွယ်စုတို့နေထိုင်ရာဂိလဒ်ပြည်နှင့် ဗာရှန်ပြည်တို့ပါဝင်၏။
34. ယေဟု၏လက်ရုံးရည်အပါအဝင် သူလုပ် ဆောင်ခဲ့သည့်အခြားအမှုအရာရှိသမျှ ကို ဣသရေလရာဇဝင်တွင်ရေးထား၏။-
35. ယေဟုကွယ်လွန်သောအခါသူ၏အလောင်း ကိုရှမာရိမြို့တွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက် သူ၏သားတော်ယောခတ်သည် သူ့ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်း တက်လေသည်။-
36. ယေဟုသည်ဣသရေလဘုရင်အဖြစ် ဖြင့် ရှမာရိမြို့တွင်နှစ်ဆယ့်ရှစ်နှစ်နန်းစံ ခဲ့သတည်း။