၄ ရာ 10:17-28 Common Language Bible (BCL)

17. ထို​မြို့​သို့​ရောက်​သော​အ​ခါ​ယေ​ဟု​သည် အာ​ဟပ် ၏​ဆွေ​မျိုး​ရှိ​သ​မျှ​တို့​ကို​တစ်​ယောက်​မ​ကျန် သတ်​လေ​သည်။ ဤ​ကား​ဧ​လိ​ယ​အား​ထာ​ဝရ ဘု​ရား​မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း ဖြစ်​ပျက် ခြင်း​ပင်​ဖြစ်​သ​တည်း။

18. ယေ​ဟု​သည်​ရှ​မာ​ရိ​မြို့​သား​တို့​အား စု​ဝေး စေ​ပြီး​သော​အ​ခါ``အာ​ဟပ်​မင်း​သည်​ဗာ​လ ဘု​ရား​ကို​အ​နည်း​ငယ်​မျှ​သာ​ကိုး​ကွယ်​ခဲ့​၏။ ငါ​သည်​သူ့​ထက်​များ​စွာ​ပို​၍​ထို​ဘု​ရား ကို​ကိုး​ကွယ်​မည်။-

19. ဗာ​လ​ဘု​ရား​၏​ပ​ရော​ဖက်​များ၊ ထို​ဘု​ရား ကို​ကိုး​ကွယ်​သူ​များ​နှင့် ဗာ​လ​ယဇ်​ပု​ရော ဟိတ်​များ​ကို​ခေါ်​ဖိတ်​ကြ​လော့။ ငါ​သည် ဗာ​လ​ဘု​ရား​အား​တစ်​ခမ်း​တစ်​နား​ယဇ် ပူ​ဇော်​မည်​ဖြစ်​၍ ထို​သူ​တို့​အား​လုံး​လာ ရောက်​ကြ​ရ​မည်။ မည်​သူ​တစ်​စုံ​တစ်​ယောက် မျှ​မ​လာ​ဘဲ​မ​နေ​ရ'' ဟု​ဆို​၏။ (ယင်း​သို့ ဆို​ရာ​၌​ယေ​ဟု​သည် ဗာ​လ​ဘု​ရား​ကို ကိုး​ကွယ်​သူ​အ​ပေါင်း​အား​သတ်​ဖြတ်​နိုင်​ရန် ပ​ရိ​ယာယ်​သုံး​လိုက်​ခြင်း​ဖြစ်​ပေ​သည်။-)

20. ထို​နောက်​ယေ​ဟု​က``ဗာ​လ​ဘု​ရား​ကို​ဝတ် ပြု​ကိုး​ကွယ်​ရန် နေ့​တစ်​နေ့​ကို​သတ်​မှတ်​ကြေ ညာ​ကြ​လော့'' ဟု​အ​မိန့်​ပေး​သည့်​အ​တိုင်း ကြေ​ညာ​ချက်​ထုတ်​ပြန်​ကြ​၏။-

21. ထို့​နောက်​ယေ​ဟု​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​တစ် ဝှမ်း​လုံး​သို့​သ​တင်း​ပေး​ပို့​လိုက်​သ​ဖြင့် ဗာ​လ ဘု​ရား​ကို​ကိုး​ကွယ်​သူ​အ​ပေါင်း​တို့​သည် တစ်​ယောက်​မ​ကျန်​လာ​ရောက်​ကြ​၏။ ထို​သူ အား​လုံး​တို့​သည်​ဗာ​လ​ဘု​ရား​ဗိ​မာန်​ထဲ သို့​ဝင်​ကြ​ရာ တစ်​ဗိ​မာန်​လုံး​ပြည့်​လေ​သည်။-

22. ထို​အ​ခါ​ယေ​ဟု​သည်​အ​မြတ်​ထား​သည့် ဝတ်​လုံ​များ​ကို​ထိန်း​သိမ်း​ရ​သူ​ယဇ်​ပု​ရော ဟိတ်​အား ထို​ဝတ်​လုံ​တို့​ကို​ထုတ်​၍​ဝတ်​ပြု ကိုး​ကွယ်​သူ​တို့​အား​ပေး​အပ်​စေ​၏။-

23. ထို​နောက်​မိ​မိ​ကိုယ်​တိုင်​ရေ​ခပ်​၏​သား​ယော န​ဒပ်​နှင့်​အ​တူ ဗာ​လ​ဗိ​မာန်​ထဲ​သို့​ဝင်​၍​ထို အ​ရပ်​တွင်​ရှိ​သူ​တို့​အား``ဤ​နေ​ရာ​တွင်​ရှိ သော​သူ​တို့​သည်​ဗာ​လ​ဘု​ရား​ကို​ဝတ်​ပြု ကိုး​ကွယ်​သူ​များ​သာ​ဖြစ်​စေ​ရ​မည်။ ထာ​ဝရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​သူ​တစ်​စုံ တစ်​ယောက်​မျှ​မ​ပါ​မ​ရှိ​စေ​ရန် သင်​တို့ အ​သေ​အ​ချာ​စစ်​ဆေး​ကြ​လော့'' ဟု ဆို​၏။-

24. ထို​နောက်​သူ​နှင့်​ယော​န​ဒပ်​သည် ဗာ​လ​ဘု​ရား အား​ယဇ်​ပူ​ဇော်​ရန်​နှင့်​ပူ​ဇော်​သ​ကာ​များ​ကို ဆက်​သ​ရန်​အ​တွင်း​သို့​ဝင်​ကြ​၏။ ယေ​ဟု​သည် ဗာ​လ​ဗိ​မာန်​အ​ပြင်​တွင် လူ​ရှစ်​ဆယ်​ကို​နေ​ရာ ယူ​စေ​ပြီး​လျှင်``သင်​တို့​သည်​ဤ​သူ​အ​ပေါင်း ကို​သတ်​ဖြတ်​ရ​ကြ​မည်။ အ​ကယ်​၍​တစ်​စုံ တစ်​ယောက်​ထွက်​ပြေး​လွတ်​မြောက်​သွား​လျှင် တာ​ဝန်​ရှိ​သူ​သည်​အ​သတ်​ခံ​ရ​မည်'' ဟု အ​မိန့်​ပေး​ထား​လေ​သည်။

25. ယေ​ဟု​သည်​ပူ​ဇော်​သ​ကာ​များ​ကို​ဆက်​သ ပြီး​သည်​နှင့်​တစ်​ပြိုင်​နက် အ​စောင့်​တပ်​သား​များ နှင့်​တပ်​မှူး​တို့​အား``ဝင်​၍​ထို​သူ​အ​ပေါင်း​ကို သတ်​လော့။ တစ်​ဦး​တစ်​ယောက်​မျှ​မ​လွတ်​သွား စေ​နှင့်'' ဟု​ပြော​၏။ သူ​တို့​သည်​ဋ္ဌား​လွတ်​များ ကိုင်​ဆောင်​ကာ ထို​သူ​တို့​ကို​သတ်​ပြီး​လျှင် အ​လောင်း​များ​ကို​အ​ပြင်​သို့​ဆွဲ​ထုတ်​ကြ ၏။ ထို​နောက်​သူ​တို့​သည်​ဗာ​လ​ဗိ​မာန်​အ​တွင်း ခန်း​သို့​ဝင်​၍၊-

26. ဗာ​လ​ဘု​ရား​ကျောက်​တိုင်​ကို​ယူ​ပြီး​လျှင် မီး​ရှို့​ကြ​၏။-

27. သို့​ဖြစ်​၍​သူ​တို့​သည်​ဗာ​လ​ကျောက်​တိုင်​နှင့် ဗာ​လ​ဗိ​မာန်​ကို​ဖြို​ဖျက်​ပစ်​ကြ​၏။ ထို​ဘု​ရား ဗိ​မာန်​ကို​ကိုယ်​လက်​သုတ်​သင်​ရန် အိမ်​အ​ဖြစ် အ​သုံး​ပြု​ခဲ့​သည်​မှာ​ယ​နေ့​တိုင်​အောင်​ပင် ဖြစ်​သ​တည်း။

28. ဤ​ကား​ဗာ​လ​ဘု​ရား​အား​ကိုး​ကွယ်​မှု​ကို ဣ​သ​ရေ​လ​ပြည်​တွင်​ပယ်​ရှား​ခဲ့​ပုံ​ပင်​ဖြစ်​၏။-

၄ ရာ 10