11. ထိုနောက်ယေဟုသည်ယေဇရေလမြို့ တွင်နေထိုင်လျက်ရှိသော အာဟပ်၏ဆွေ မျိုးများ၊ သူ၏မှူးမတ်များ၊ ရင်းနှီးသော မိတ်ဆွေများနှင့်ယဇ်ပုရောဟိတ်များကို တစ်ယောက်မကျန်ကွပ်မျက်လေ၏။
12. ယေဟုသည်ရှမာရိမြို့သို့သွားရန်ယေဇ ရေလမြို့မှထွက်ခွာသွား၏။ လမ်း၌သိုးထိန်း များစခန်းဟုအမည်တွင်သောအရပ်သို့ ရောက်သောအခါ၊-
13. သူသည်ကွယ်လွန်သူအာခဇိ၏ဆွေမျိုး အချို့နှင့်တွေ့၍ သူတို့အား``သင်တို့သည် အဘယ်သူများပေနည်း'' ဟုမေး၏။ထိုသူတို့က``အာခဇိ၏ဆွေတော်မျိုးတော် များဖြစ်ပါသည်။ အကျွန်ုပ်တို့သည်ယေဇ ဗေလမိဖုရား၏သားတော်သမီးတော်များ နှင့် အခြားမင်းဆွေမင်းမျိုးတို့အားဂါရဝ ပြုရန် ယေဇရေလမြို့သို့သွားကြပါမည်'' ဟုဖြေကြားကြ၏။-
14. ယေဟုက``ဤသူတို့အားလက်ရဖမ်းဆီး ကြလော့'' ဟုမိမိ၏လူတို့အားအမိန့်ပေး သည့်အတိုင်း ဖမ်းဆီး၍တွင်းတစ်ခုအနီး တွင်လူပေါင်းလေးဆယ့်နှစ်ယောက်တို့ကို ကွပ်မျက်လေသည်။
15. ယေဟုသည်တစ်ဖန်ထွက်ခွာသွားသောအခါ လမ်း၌ရေခပ်၏သားယောနဒပ်နှင့်တွေ့လေ၏။ ယေဟုသည်သူ့ကိုနှုတ်ဆက်ပြီးလျှင်``သင်သည် ငါနှင့်စိတ်နေသဘောထားချင်းတူပါ၏။ သို့ ဖြစ်၍ငါ့အားကူညီမည်လော'' ဟုမေး၏။ယောနဒပ်က``ကူညီပါမည်'' ဟုဖြေ၏။ယေဟုက``ယင်းသို့ဖြစ်ပါမူငါ့အားသင်၏ လက်ကိုကမ်းပေးလော့'' ဟုဆို၏။ ယောနဒပ် ကလက်ကိုကမ်းပေးလိုက်သောအခါ ယေဟု သည်လက်ကိုဆွဲ၍ယောနဒဒ်အားရထား ပေါ်တက်စေပြီးသော်၊-
16. ငါနှင့်အတူလိုက်၍ထာဝရဘုရားအတွက် ငါအဘယ်မျှစိတ်ထက်သန်သည်ကိုသင် ကိုယ်တိုင်ကြည့်ရှု့လော့'' ဟုဆို၏။ သူတို့ နှစ်ဦးသည်အတူတကွ ရှမာရိမြို့သို့ ရထားစီး၍သွားကြ၏။-
17. ထိုမြို့သို့ရောက်သောအခါယေဟုသည် အာဟပ် ၏ဆွေမျိုးရှိသမျှတို့ကိုတစ်ယောက်မကျန် သတ်လေသည်။ ဤကားဧလိယအားထာဝရ ဘုရားမိန့်တော်မူခဲ့သည့်အတိုင်း ဖြစ်ပျက် ခြင်းပင်ဖြစ်သတည်း။
18. ယေဟုသည်ရှမာရိမြို့သားတို့အား စုဝေး စေပြီးသောအခါ``အာဟပ်မင်းသည်ဗာလ ဘုရားကိုအနည်းငယ်မျှသာကိုးကွယ်ခဲ့၏။ ငါသည်သူ့ထက်များစွာပို၍ထိုဘုရား ကိုကိုးကွယ်မည်။-
19. ဗာလဘုရား၏ပရောဖက်များ၊ ထိုဘုရား ကိုကိုးကွယ်သူများနှင့် ဗာလယဇ်ပုရော ဟိတ်များကိုခေါ်ဖိတ်ကြလော့။ ငါသည် ဗာလဘုရားအားတစ်ခမ်းတစ်နားယဇ် ပူဇော်မည်ဖြစ်၍ ထိုသူတို့အားလုံးလာ ရောက်ကြရမည်။ မည်သူတစ်စုံတစ်ယောက် မျှမလာဘဲမနေရ'' ဟုဆို၏။ (ယင်းသို့ ဆိုရာ၌ယေဟုသည် ဗာလဘုရားကို ကိုးကွယ်သူအပေါင်းအားသတ်ဖြတ်နိုင်ရန် ပရိယာယ်သုံးလိုက်ခြင်းဖြစ်ပေသည်။-)
20. ထိုနောက်ယေဟုက``ဗာလဘုရားကိုဝတ် ပြုကိုးကွယ်ရန် နေ့တစ်နေ့ကိုသတ်မှတ်ကြေ ညာကြလော့'' ဟုအမိန့်ပေးသည့်အတိုင်း ကြေညာချက်ထုတ်ပြန်ကြ၏။-
21. ထို့နောက်ယေဟုသည်ဣသရေလနိုင်ငံတစ် ဝှမ်းလုံးသို့သတင်းပေးပို့လိုက်သဖြင့် ဗာလ ဘုရားကိုကိုးကွယ်သူအပေါင်းတို့သည် တစ်ယောက်မကျန်လာရောက်ကြ၏။ ထိုသူ အားလုံးတို့သည်ဗာလဘုရားဗိမာန်ထဲ သို့ဝင်ကြရာ တစ်ဗိမာန်လုံးပြည့်လေသည်။-
22. ထိုအခါယေဟုသည်အမြတ်ထားသည့် ဝတ်လုံများကိုထိန်းသိမ်းရသူယဇ်ပုရော ဟိတ်အား ထိုဝတ်လုံတို့ကိုထုတ်၍ဝတ်ပြု ကိုးကွယ်သူတို့အားပေးအပ်စေ၏။-
23. ထိုနောက်မိမိကိုယ်တိုင်ရေခပ်၏သားယော နဒပ်နှင့်အတူ ဗာလဗိမာန်ထဲသို့ဝင်၍ထို အရပ်တွင်ရှိသူတို့အား``ဤနေရာတွင်ရှိ သောသူတို့သည်ဗာလဘုရားကိုဝတ်ပြု ကိုးကွယ်သူများသာဖြစ်စေရမည်။ ထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်သူတစ်စုံ တစ်ယောက်မျှမပါမရှိစေရန် သင်တို့ အသေအချာစစ်ဆေးကြလော့'' ဟု ဆို၏။-