1. ဣသရေလဘုရင်အာဟပ်ကွယ်လွန်သောအခါ မောဘပြည်သည်ဣသရေလပြည်ကိုပုန်ကန် လေသည်။
2. ဣသရေလဘုရင်အာခဇိသည် ရှမာရိမြို့ နန်းတော်အမိုးထက်ရှိလသာဆောင်မှလိမ့် ကျသဖြင့် ပြင်းထန်စွာဒဏ်ရာရရှိ၏။ သို့ ဖြစ်၍သူသည်ဖိလိတ္တိပြည်ဧကြုန်မြို့၏ဘုရား ဗာလဇေဗုပ်ထံသံတမန်များစေလွှတ်ကာ မိမိပြန်လည်ကျန်းမာလာမည်မလာမည် ကိုစုံစမ်းမေးမြန်းစေ၏။-
3. သို့ရာတွင်ထာဝရဘုရား၏ကောင်းကင်တမန် သည် တိရှဘိမြို့သားပရောဖက်ဧလိယ အား``အာခဇိမင်း၏သံတမန်များနှင့်သွား ရောက်တွေ့ဆုံလော့။ သူတို့အားဣသရေလ ပြည်တွင်ဘုရားမရှိသောကြောင့် ဧကြုန် ဘုရားဗာလဇေဗုပ်ထံသွားရောက်စုံစမ်း မေးမြန်းရသလောဟုမေးလော့။-
4. မင်းကြီးအား`မိမိ၏သလွန်မှတစ်ဖန်ပြန်၍ ထနိုင်မည်မဟုတ်ကြောင်း၊ သေမည်ဖြစ်ကြောင်း ထာဝရဘုရားမိန့်တော်မူသည်ကိုသင်တို့ လျှောက်ထားကြလော့' ဟုဆင့်ဆိုရမည်'' ဟု မိန့်တော်မူသည်။ဧလိယသည်ထာဝရဘုရားမိန့်မှာတော်မူသည့် အတိုင်းပြုသဖြင့်၊-
5. သံတမန်တို့သည်မင်းကြီးထံသို့ပြန်ကြ၏။ မင်းကြီးက``အဘယ်ကြောင့်သင်တို့ပြန်လာ ကြသနည်း'' ဟုမေးတော်မူ၏။