3. ထာဝရဘုရားက``ငါသည်သင်၏ဆုတောင်း ပတ္ထနာကိုကြားတော်မူပြီ။ သင်ဆောက်လုပ်သည့် ဤဗိမာန်တော်ကိုငါ့အားထာဝစဉ်ဝတ်ပြု ကိုးကွယ်ရာဌာနတော်အဖြစ်ငါသီးသန့်၍ ထား၏။ ဤဗိမာန်တော်ကိုအခါခပ်သိမ်း ငါကြည့်ရှုစောင့်ရှောက်မည်။-
4. သင်သည်သင်၏ခမည်းတော်ဒါဝိဒ်ကဲ့သို့ရိုးသား ဖြောင့်မတ်စွာ ငါ၏အမှုတော်ကိုထမ်းဆောင်၍ ငါ ၏ပညတ်တော်တို့ကိုစောင့်ထိန်းလျက် ငါ၏ အမိန့်တော်မှန်သမျှကိုလိုက်နာလျှင်၊-
5. သင်၏ခမည်းတော်ဒါဝိဒ်အားဣသရေလရာဇ ပလ္လင်ထက်စံရသော သူ၏အမျိုးမင်းရိုးမပြတ် စေရဟုငါပေးခဲ့သည့်ကတိအတိုင်းငါပြု မည်။-
6. သို့ရာတွင်အကယ်၍သင်သို့မဟုတ်သင်၏သား မြေးများငါ့နောက်သို့မလိုက်ဘဲ ငါပေးအပ်သည့် ပညတ်တော်များနှင့်အမိန့်တော်များကိုမလိုက် နာဘဲအခြားဘုရားတို့ကိုကိုးကွယ်ဝတ်ပြု ကြမည်ဆိုပါမူ၊-
7. ငါသည်ငါ၏လူမျိုးတော်ဣသရေလအမျိုး သားတို့အား ငါပေးထားသည့်ပြည်မှဖယ်ရှား မည်။ ငါ့အားဝတ်ပြုကိုးကွယ်ရန်အတွက်သီး သန့်ထားသည့်ဤဗိမာန်တော်ကိုလည်းငါစွန့် မည်။ ထိုအခါအရပ်တကာရှိလူတို့သည် ဣသရေလအမျိုးကိုကဲ့ရဲ့ပြောင်လှောင် ကြလိမ့်မည်။-
8. ဤဗိမာန်တော်သည်လည်းယိုယွင်းပျက်စီး သည့်အဆောက်အအုံဖြစ်လာလိမ့်မည်။ ယင်း ၏အနီးမှဖြတ်သန်းသွားလာသူအပေါင်း တို့သည်အံ့အားသင့်လျက်`ထာဝရဘုရားသည် အဘယ်ကြောင့်ဤပြည်နှင့် ဤဗိမာန်တော်ကို ဤသို့ပြုတော်မူပါသနည်း' ဟုမေးမြန်း ကြလိမ့်မည်။-