23. ရှောလမုန်၏ဆောက်လုပ်ရေးစီမံကိန်းများတွင် လုပ်ကိုင်နေသောချွေးတပ်သားတို့အပေါ်ကြီး ကြပ်အုပ်ချုပ်ရေးမှူးငါးရာငါးဆယ်ရှိသတည်း။
24. ထို့နောက်ရှောလမုန်သည် အီဂျစ်ဘုရင်၏သမီး တော်ကိုသူ၏အတွက် မိမိဆောက်လုပ်ပေးသည့် စံနန်းသို့ဒါဝိဒ်မြို့မှခေါ်ဆောင်လာပြီး နောက် မြို့၏အရှေ့ပိုင်းတွင်မြေဖို့တော်မူ၏။
25. ရှောလမုန်သည်ထာဝရဘုရားအတွက် မိမိ တည်ဆောက်ထားသည့်ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ ရာယဇ်နှင့် မိတ်သဟာယယဇ်များကိုတစ် နှစ်လျှင်သုံးကြိမ်ပူဇော်လေသည်။ ထာဝရ ဘုရားအားနံ့သာပေါင်းကိုလည်းမီးရှို့ပူ ဇော်တော်မူ၏။ သို့ဖြစ်၍သူသည်ဗိမာန် တော်တည်ဆောက်မှုကိုအပြီးသတ်တော်မူ သတည်း။
26. ရှောလမုန်မင်းသည်ဧဒုံပြည်၊ ဧလုတ်မြို့အနီး အကွာဗာပင်လယ်ကွေ့ကမ်းခြေပေါ်ရှိဧဇယုန် ဂါဗာမြို့တွင်သင်္ဘောများကိုလည်းတည်ဆောက် လေသည်။-
27. ဟိရံမင်းသည်လည်းအလုပ်ရည်ဝသည့်သင်္ဘော သားအချို့ကို ရှောလမုန်၏လူတို့နှင့်အတူ အမှုထမ်းရန်ပေးပို့တော်မူ၏။-
28. သူတို့သည်သြဖိရမြို့သို့သင်္ဘောလွှင့်ကြ ပြီးနောက် ရွှေအချိန်တစ်ဆယ့်ခြောက်တန် နီးပါးကိုရှောလမုန်ထံသို့ယူဆောင်လာ ကြ၏။