၃ ရာ 9:16-28 Common Language Bible (BCL)

16. (အီ​ဂျစ်​ဘု​ရင်​သည်​ဂေ​ဇာ​မြို့​ကို​တိုက်​ခိုက်​သိမ်း ယူ​ပြီး​လျှင် မြို့​သူ​မြို့​သား​တို့​ကို​သတ်​၍​မြို့​ကို မီး​ရှို့​ပစ်​လေ​သည်။ ထို့​နောက်​သ​မီး​တော်​အား ရှော​လ​မုန်​နှင့်​ထိမ်း​မြား​မင်္ဂ​လာ​ပြု​ချိန်​၌​ထို မြို့​ကို​လက်​ဖွဲ့​တော်​မူ​၏။-

17. သို့​ဖြစ်​၍​ရှော​လ​မုန်​သည်​ဂေ​ဇာ​မြို့​ကို​ပြန် လည်​တည်​ဆောက်​တော်​မူ​ခြင်း​ဖြစ်​၏။) ရှော လ​မုန်​သည်​အောက်​ဗေ​သော​ရုန်​မြို့၊-

18. ဗာ​လက်​မြို့၊ ယု​ဒ​ပြည်​တော​ကန္တာ​ရ​ရှိ​တာ ဒ​မော်​မြို့​တို့​ကို​လည်း​ကောင်း၊-

19. ရိက္ခာ​သို​လှောင်​ရာ​မြို့​များ၊ မြင်း​များ၊ စစ်​ရ​ထား များ၊ စ​ခန်း​မြို့​များ​ကို​လည်း​ကောင်း၊ ယေ​ရု ရှ​လင်​မြို့၊ လေ​ဗ​နုန်​တောင်​ပေါ်​နှင့်​နိုင်​ငံ​တော် အ​တွင်း​အ​ခြား​ဒေ​သ​များ​တွင် မိ​မိ​ဆောက် လုပ်​လို​သ​မျှ​သော​အ​ဆောက်​အ​အုံ​များ​ကို လည်း​ကောင်း​ချွေး​တပ်​ဖြင့်​ပင်​တည်​ဆောက်​တော် မူ​၏။-

20-21. ရှော​လ​မုန်​သည်​ခါ​နာန်​ပြည်​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သိမ်း​ယူ​စဉ်​အ​ခါ​က မ​သတ် ဘဲ​ထား​ခဲ့​သည့်​ခါ​နာန်​အ​မျိုး​သား​များ​မှ ဆင်း​သက်​လာ​သူ​တို့​ကို​မိ​မိ​၏​ချွေး​တပ် အ​ဖြစ်​အ​သုံး​ပြု​လေ​သည်။ ထို​သူ​တို့​အ​ထဲ တွင်​အာ​မော​ရိ၊ ဟိတ္တိ၊ ဖေ​ရ​ဇိ၊ ဟိ​ဝိ​နှင့်​ယေ ဗု​သိ​အ​မျိုး​သား​တို့​ပါ​ဝင်​ကြ​၏။ ထို​သူ တို့​၏​သား​မြေး​များ​သည်​ယ​နေ့​တိုင်​အောင် ဆက်​လက်​၍​ကျွန်​ခံ​နေ​ရ​ကြ​သ​တည်း။-

22. ရှော​လ​မုန်​သည်​ယု​ဒ​အ​မျိုး​သား​တို့​ကို​မူ ကျွန်​ခံ​စေ​တော်​မ​မူ။ သူ​တို့​သည်​စစ်​သူ​ရဲ များ၊ မှူး​မတ်​များ၊ စစ်​ရ​ထား​မှူး​များ​နှင့် မြင်း​စီး​သူ​ရဲ​များ​အ​ဖြစ်​ဖြင့်​အ​မှု​ထမ်း ရ​ကြ​လေ​သည်။

23. ရှော​လ​မုန်​၏​ဆောက်​လုပ်​ရေး​စီ​မံ​ကိန်း​များ​တွင် လုပ်​ကိုင်​နေ​သော​ချွေး​တပ်​သား​တို့​အ​ပေါ်​ကြီး ကြပ်​အုပ်​ချုပ်​ရေး​မှူး​ငါး​ရာ​ငါး​ဆယ်​ရှိ​သ​တည်း။

24. ထို့​နောက်​ရှော​လ​မုန်​သည် အီ​ဂျစ်​ဘု​ရင်​၏​သ​မီး တော်​ကို​သူ​၏​အ​တွက် မိ​မိ​ဆောက်​လုပ်​ပေး​သည့် စံ​နန်း​သို့​ဒါ​ဝိဒ်​မြို့​မှ​ခေါ်​ဆောင်​လာ​ပြီး နောက် မြို့​၏​အ​ရှေ့​ပိုင်း​တွင်​မြေ​ဖို့​တော်​မူ​၏။

25. ရှော​လ​မုန်​သည်​ထာ​ဝရ​ဘု​ရား​အ​တွက် မိ​မိ တည်​ဆောက်​ထား​သည့်​ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့ ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​များ​ကို​တစ် နှစ်​လျှင်​သုံး​ကြိမ်​ပူ​ဇော်​လေ​သည်။ ထာ​ဝ​ရ ဘု​ရား​အား​နံ့​သာ​ပေါင်း​ကို​လည်း​မီး​ရှို့​ပူ ဇော်​တော်​မူ​၏။ သို့​ဖြစ်​၍​သူ​သည်​ဗိ​မာန် တော်​တည်​ဆောက်​မှု​ကို​အ​ပြီး​သတ်​တော်​မူ သ​တည်း။

26. ရှော​လ​မုန်​မင်း​သည်​ဧ​ဒုံ​ပြည်၊ ဧ​လုတ်​မြို့​အ​နီး အ​ကွာ​ဗာ​ပင်​လယ်​ကွေ့​ကမ်း​ခြေ​ပေါ်​ရှိ​ဧ​ဇ​ယုန် ဂါ​ဗာ​မြို့​တွင်​သင်္ဘော​များ​ကို​လည်း​တည်​ဆောက် လေ​သည်။-

27. ဟိ​ရံ​မင်း​သည်​လည်း​အ​လုပ်​ရည်​ဝ​သည့်​သင်္ဘော သား​အ​ချို့​ကို ရှော​လ​မုန်​၏​လူ​တို့​နှင့်​အ​တူ အ​မှု​ထမ်း​ရန်​ပေး​ပို့​တော်​မူ​၏။-

28. သူ​တို့​သည်​သြ​ဖိ​ရ​မြို့​သို့​သင်္ဘော​လွှင့်​ကြ ပြီး​နောက် ရွှေ​အ​ချိန်​တစ်​ဆယ့်​ခြောက်​တန် နီး​ပါး​ကို​ရှော​လ​မုန်​ထံ​သို့​ယူ​ဆောင်​လာ ကြ​၏။

၃ ရာ 9