၃ ရာ 8:61-66 Common Language Bible (BCL)

61. ကိုယ်​တော်​၏​လူ​မျိုး​တော်​ဖြစ်​သူ​သင်​တို့​သည် လည်း အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘုရား​အား​သစ္စာ​စောင့်​၍ ယ​နေ့​ကျင့်​သ​ကဲ့​သို့ ပ​ညတ်​တော်​များ​နှင့်​အ​မိန့်​တော်​မှန်​သ​မျှ​ကို အ​စဉ်​အ​မြဲ​လိုက်​နာ​နိုင်​ကြ​ပါ​စေ​သော'' ဟု မြွက်​ဆို​တော်​မူ​၏။

62. ထို့​နောက်​ရှော​လ​မုန်​မင်း​နှင့်​ပြည်​သူ​အ​ပေါင်း တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​များ​ကို ပူ​ဇော်​ကြ​၏။-

63. မင်း​ကြီး​သည်​နွား​ကောင်​ရေ​နှစ်​သောင်း​နှစ်​ထောင် နှင့်​သိုး​ကောင်​ရေ​တစ်​သိန်း​နှစ်​သောင်း​ကို မိတ် သ​ဟာ​ယ​ယဇ်​အ​ဖြစ်​ပူ​ဇော်​တော်​မူ​၏။ ဤ နည်း​အား​ဖြင့်​ဘု​ရင်​နှင့်​ပြည်​သူ​အ​ပေါင်း​တို့ သည်​ဗိ​မာန်​တော်​ကို​အ​နု​မော​ဒ​နာ​ပြု​ကြ လေ​သည်။-

64. ထို​နေ့​၌​ပင်​မင်း​ကြီး​သည်​ဗိ​မာန်​တော်​ရှေ့​၌ ရှိ​သော အ​လယ်​တံ​တိုင်း​ကို​လည်း​အ​နု​မော​ဒ​နာ ပြု​တော်​မူ​၏။ သူ​သည်​ထို​နေ​ရာ​၌​တစ်​ကောင်​လုံး မီး​ရှို့​ရာ​ယဇ်​နှင့်​ဘော​ဇဉ်​ပူ​ဇော်​သကာ​ကို​လည်း ကောင်း၊ မိတ်​သ​ဟာ​ယ​ယဇ်​အ​တွက်​ဆီ​ဥ​ကို လည်း​ကောင်း​ပူ​ဇော်​လေ​သည်။ ထို​သို့​ပြု​ရ​ခြင်း မှာ​ဗိ​မာန်​တော်​တံ​တိုင်း​အ​တွင်း​ရှိ ကြေး​ဝါ ယဇ်​ပလ္လင်​သည်​ထို​ပူ​ဇော်​သကာ​အ​ပေါင်း​တို့ အ​တွက်​အ​လွန်​သေး​ငယ်​၍​နေ​သော​ကြောင့် တည်း။

65. ဗိ​မာန်​တော်​တွင်​ရှော​လ​မုန်​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သစ်​ခက်​တဲ​နေ ပွဲ​တော်​ကို​ခု​နစ်​ရက်​တိုင်​တိုင်​ကျင်း​ပ​ကြ​လေ သည်။ လူ​အုပ်​ကြီး​မှာ​မြောက်​ဘက်​ဟာ​မတ်​တောင် ကြား​လမ်း​မှ​သည် တောင်​ဘက်​အီ​ဂျစ်​ပြည်​နယ် စပ်​တိုင်​အောင်​အ​နှံ့​အ​ပြား​အ​ရပ်​ရပ်​မှ​လာ ရောက်​သူ​များ​ဖြစ်​သတည်း။-

66. ရှစ်​ရက်​မြောက်​သော​နေ့​၌​မင်း​ကြီး​သည်​လူ​တို့ အား မိ​မိ​တို့​ရပ်​ရွာ​များ​သို့​ပြန်​စေ​တော်​မူ​၏။ ထို​သူ​အ​ပေါင်း​တို့​သည်​လည်း​မင်း​ကြီး​အား ထော​မ​နာ​ပြု​ကြ​ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား ၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ကိုယ်​တော်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ခံ​ယူ​ရ​ရှိ​သည့် ကျေး​ဇူး​တော်​ကြောင့်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ မိ​မိ​တို့​ရပ်​ရွာ​များ​သို့​ပြန်​သွား​ကြ​၏။

၃ ရာ 8