57. အကျွန်ုပ်တို့ဘုရားသခင်ထာဝရဘုရားသည် ဘိုးဘေးများနှင့်အတူနေတော်မူခဲ့သည့်နည်း တူ အကျွန်ုပ်အားအဘယ်အခါ၌မျှမစွန့် မခွာဘဲအကျွန်ုပ်တို့နှင့်အတူရှိတော်မူ ပါစေသော။-
58. အကျွန်ုပ်တို့သည်ကိုယ်တော်၏အလိုတော်အတိုင်း အသက်ရှင်နိုင်ကြစေရန်လည်းကောင်း၊ ဘိုးဘေး တို့အားပေးတော်မူခဲ့သည့်ပညတ်တော်များနှင့် အမိန့်တော်တို့ကိုလိုက်နာကြစေရန်လည်းကောင်း အကျွန်ုပ်တို့အားအမိန့်တော်ကိုနာခံသူများ ဖြစ်အောင်ပြုပြင်တော်မူပါစေသော။-
59. အကျွန်ုပ်တို့ဘုရားသခင်ထာဝရဘုရားသည် ဤဆုတောင်းပတ္ထနာနှင့်ပန်ကြားလျှောက်ထား ချက်များကို အခါခပ်သိမ်းအောက်မေ့သတိရ တော်မူပါစေသော။ ကိုယ်တော်သည်ဣသရေလ ပြည်သူများနှင့်ဘုရင်အား နေ့စဉ်လိုအပ်ချက် များနှင့်အညီကရုဏာပြတော်မူပါစေ သော။-
60. သို့မှသာထာဝရဘုရားတစ်ပါးတည်းသာ လျှင်ဘုရားဖြစ်ကြောင်း၊ အခြားဘုရားမရှိ ကြောင်းကိုကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့ သိရှိကြပါလိမ့်မည်။-
61. ကိုယ်တော်၏လူမျိုးတော်ဖြစ်သူသင်တို့သည် လည်း အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရ ဘုရားအားသစ္စာစောင့်၍ ယနေ့ကျင့်သကဲ့သို့ ပညတ်တော်များနှင့်အမိန့်တော်မှန်သမျှကို အစဉ်အမြဲလိုက်နာနိုင်ကြပါစေသော'' ဟု မြွက်ဆိုတော်မူ၏။
62. ထို့နောက်ရှောလမုန်မင်းနှင့်ပြည်သူအပေါင်း တို့သည် ထာဝရဘုရားအားယဇ်များကို ပူဇော်ကြ၏။-
63. မင်းကြီးသည်နွားကောင်ရေနှစ်သောင်းနှစ်ထောင် နှင့်သိုးကောင်ရေတစ်သိန်းနှစ်သောင်းကို မိတ် သဟာယယဇ်အဖြစ်ပူဇော်တော်မူ၏။ ဤ နည်းအားဖြင့်ဘုရင်နှင့်ပြည်သူအပေါင်းတို့ သည်ဗိမာန်တော်ကိုအနုမောဒနာပြုကြ လေသည်။-
64. ထိုနေ့၌ပင်မင်းကြီးသည်ဗိမာန်တော်ရှေ့၌ ရှိသော အလယ်တံတိုင်းကိုလည်းအနုမောဒနာ ပြုတော်မူ၏။ သူသည်ထိုနေရာ၌တစ်ကောင်လုံး မီးရှို့ရာယဇ်နှင့်ဘောဇဉ်ပူဇော်သကာကိုလည်း ကောင်း၊ မိတ်သဟာယယဇ်အတွက်ဆီဥကို လည်းကောင်းပူဇော်လေသည်။ ထိုသို့ပြုရခြင်း မှာဗိမာန်တော်တံတိုင်းအတွင်းရှိ ကြေးဝါ ယဇ်ပလ္လင်သည်ထိုပူဇော်သကာအပေါင်းတို့ အတွက်အလွန်သေးငယ်၍နေသောကြောင့် တည်း။
65. ဗိမာန်တော်တွင်ရှောလမုန်နှင့်ဣသရေလ အမျိုးသားအပေါင်းတို့သည် သစ်ခက်တဲနေ ပွဲတော်ကိုခုနစ်ရက်တိုင်တိုင်ကျင်းပကြလေ သည်။ လူအုပ်ကြီးမှာမြောက်ဘက်ဟာမတ်တောင် ကြားလမ်းမှသည် တောင်ဘက်အီဂျစ်ပြည်နယ် စပ်တိုင်အောင်အနှံ့အပြားအရပ်ရပ်မှလာ ရောက်သူများဖြစ်သတည်း။-
66. ရှစ်ရက်မြောက်သောနေ့၌မင်းကြီးသည်လူတို့ အား မိမိတို့ရပ်ရွာများသို့ပြန်စေတော်မူ၏။ ထိုသူအပေါင်းတို့သည်လည်းမင်းကြီးအား ထောမနာပြုကြပြီးလျှင် ထာဝရဘုရား ၏လူမျိုးတော်ဣသရေလအမျိုးသားတို့နှင့် ကိုယ်တော်၏အစေခံဒါဝိဒ်ခံယူရရှိသည့် ကျေးဇူးတော်ကြောင့်ရွှင်လန်းဝမ်းမြောက်စွာ မိမိတို့ရပ်ရွာများသို့ပြန်သွားကြ၏။