၃ ရာ 8:55-63 Common Language Bible (BCL)

55. ထို​နေ​ရာ​တွင်​စုဝေး​လျက်​နေ​ကြ​သော​လူ​အ​ပေါင်း တို့​အ​တွက် ဘု​ရား​သ​ခင်​၏​ကောင်း​ချီး​မင်္ဂ​လာ ကို​အ​သံ​ကျယ်​စွာ​တောင်း​ခံ​တော်​မူ​၏။-

56. မင်း​ကြီး​က``က​တိ​တော်​ရှိ​သည့်​အ​တိုင်း​မိ​မိ​၏ လူ​မျိုး​တော်​အား​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ပေး​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သည်​မိ​မိ​၏​အ​စေ​ခံ​မော​ရှေ​အား​ဖြင့် ပေး​တော်​မူ​ခဲ့​သော​ကတိ​တော်​အ​ပေါင်း​ကို တစ်​သ​ဝေ​မ​တိမ်း​တည်​စေ​တော်​မူ​ပြီ။-

57. အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘုရား​သည် ဘိုး​ဘေး​များ​နှင့်​အ​တူ​နေ​တော်​မူ​ခဲ့​သည့်​နည်း တူ အ​ကျွန်ုပ်​အား​အ​ဘယ်​အ​ခါ​၌​မျှ​မ​စွန့် မ​ခွာ​ဘဲ​အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ ပါ​စေ​သော။-

58. အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​အ​လို​တော်​အ​တိုင်း အ​သက်​ရှင်​နိုင်​ကြ​စေ​ရန်​လည်း​ကောင်း၊ ဘိုး​ဘေး တို့​အား​ပေး​တော်​မူ​ခဲ့​သည့်​ပ​ညတ်​တော်​များ​နှင့် အ​မိန့်​တော်​တို့​ကို​လိုက်​နာ​ကြ​စေ​ရန်​လည်း​ကောင်း အ​ကျွန်ုပ်​တို့​အား​အ​မိန့်​တော်​ကို​နာ​ခံ​သူ​များ ဖြစ်​အောင်​ပြု​ပြင်​တော်​မူ​ပါ​စေ​သော။-

59. အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​သည် ဤ​ဆု​တောင်း​ပတ္ထနာ​နှင့်​ပန်​ကြား​လျှောက်​ထား ချက်​များ​ကို အ​ခါ​ခပ်​သိမ်း​အောက်​မေ့​သ​တိ​ရ တော်​မူ​ပါ​စေ​သော။ ကိုယ်​တော်​သည်​ဣ​သ​ရေ​လ ပြည်​သူ​များ​နှင့်​ဘု​ရင်​အား နေ့​စဉ်​လို​အပ်​ချက် များ​နှင့်​အ​ညီ​က​ရု​ဏာ​ပြ​တော်​မူ​ပါ​စေ သော။-

60. သို့​မှ​သာ​ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း​သာ လျှင်​ဘု​ရား​ဖြစ်​ကြောင်း၊ အ​ခြား​ဘု​ရား​မ​ရှိ ကြောင်း​ကို​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့ သိ​ရှိ​ကြ​ပါ​လိမ့်​မည်။-

61. ကိုယ်​တော်​၏​လူ​မျိုး​တော်​ဖြစ်​သူ​သင်​တို့​သည် လည်း အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘုရား​အား​သစ္စာ​စောင့်​၍ ယ​နေ့​ကျင့်​သ​ကဲ့​သို့ ပ​ညတ်​တော်​များ​နှင့်​အ​မိန့်​တော်​မှန်​သ​မျှ​ကို အ​စဉ်​အ​မြဲ​လိုက်​နာ​နိုင်​ကြ​ပါ​စေ​သော'' ဟု မြွက်​ဆို​တော်​မူ​၏။

62. ထို့​နောက်​ရှော​လ​မုန်​မင်း​နှင့်​ပြည်​သူ​အ​ပေါင်း တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​များ​ကို ပူ​ဇော်​ကြ​၏။-

63. မင်း​ကြီး​သည်​နွား​ကောင်​ရေ​နှစ်​သောင်း​နှစ်​ထောင် နှင့်​သိုး​ကောင်​ရေ​တစ်​သိန်း​နှစ်​သောင်း​ကို မိတ် သ​ဟာ​ယ​ယဇ်​အ​ဖြစ်​ပူ​ဇော်​တော်​မူ​၏။ ဤ နည်း​အား​ဖြင့်​ဘု​ရင်​နှင့်​ပြည်​သူ​အ​ပေါင်း​တို့ သည်​ဗိ​မာန်​တော်​ကို​အ​နု​မော​ဒ​နာ​ပြု​ကြ လေ​သည်။-

၃ ရာ 8