51. သူတို့သည်အလျှံတောက်လျက်နေသည့်မီးဖို နှင့်တူသော အီဂျစ်ပြည်မှကိုယ်တော်ထုတ်ဆောင် တော်မူခဲ့သောလူမျိုးတော် ကိုယ်တော်ရှင်ပိုင် တော်မူသောလူမျိုးတော်ဖြစ်ပါ၏။''
52. ``အို အရှင်ထာဝရဘုရား၊ ကိုယ်တော်၏လူမျိုး တော်ဣသရေလအမျိုးသားများနှင့်သူတို့၏ ဘုရင်အား အစဉ်အမြဲကရုဏာဖြင့်ကြည့်ရှု့ တော်မူပါ။ ကူမတော်မူရန်အထံတော်သို့သူ တို့ပန်ကြားလျှောက်ထားသည့်အခါတိုင်း သူတို့ ၏ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူပါ။-
53. ကိုယ်တော်သည်အကျွန်ုပ်တို့၏ဘိုးဘေးများ အားအီဂျစ်ပြည်မှထုတ်ဆောင်လာတော်မူစဉ် အခါက ကိုယ်တော်၏အစေခံမောရှေအားဖြင့် မိန့်မှာတော်မူသည့်အတိုင်း ဤသူတို့အားကိုယ် တော်ပိုင်တော်မူသောလူမျိုးတော်ဖြစ်စေရန် လူ မျိုးတကာတို့အထဲကရွေးချယ်တော်မူခဲ့ ပါ၏'' ဟုဆုတောင်းပတ္ထနာပြုတော်မူ၏။
54. ရှောလမုန်သည်ယဇ်ပလ္လင်တော်ရှေ့တွင် လက်ကို မြှောက်ချီကာဒူးထောက်လျက် ထာဝရဘုရား ထံတော်သို့ဆုတောင်းပတ္ထနာပြုပြီးသောအခါ နေရာမှထ၍ရပ်တော်မူပြီးလျှင်၊-
55. ထိုနေရာတွင်စုဝေးလျက်နေကြသောလူအပေါင်း တို့အတွက် ဘုရားသခင်၏ကောင်းချီးမင်္ဂလာ ကိုအသံကျယ်စွာတောင်းခံတော်မူ၏။-
56. မင်းကြီးက``ကတိတော်ရှိသည့်အတိုင်းမိမိ၏ လူမျိုးတော်အားငြိမ်းချမ်းသာယာမှုကိုပေးတော် မူသောထာဝရဘုရားကိုထောမနာပြုကြလော့။ ကိုယ်တော်သည်မိမိ၏အစေခံမောရှေအားဖြင့် ပေးတော်မူခဲ့သောကတိတော်အပေါင်းကို တစ်သဝေမတိမ်းတည်စေတော်မူပြီ။-
57. အကျွန်ုပ်တို့ဘုရားသခင်ထာဝရဘုရားသည် ဘိုးဘေးများနှင့်အတူနေတော်မူခဲ့သည့်နည်း တူ အကျွန်ုပ်အားအဘယ်အခါ၌မျှမစွန့် မခွာဘဲအကျွန်ုပ်တို့နှင့်အတူရှိတော်မူ ပါစေသော။-
58. အကျွန်ုပ်တို့သည်ကိုယ်တော်၏အလိုတော်အတိုင်း အသက်ရှင်နိုင်ကြစေရန်လည်းကောင်း၊ ဘိုးဘေး တို့အားပေးတော်မူခဲ့သည့်ပညတ်တော်များနှင့် အမိန့်တော်တို့ကိုလိုက်နာကြစေရန်လည်းကောင်း အကျွန်ုပ်တို့အားအမိန့်တော်ကိုနာခံသူများ ဖြစ်အောင်ပြုပြင်တော်မူပါစေသော။-
59. အကျွန်ုပ်တို့ဘုရားသခင်ထာဝရဘုရားသည် ဤဆုတောင်းပတ္ထနာနှင့်ပန်ကြားလျှောက်ထား ချက်များကို အခါခပ်သိမ်းအောက်မေ့သတိရ တော်မူပါစေသော။ ကိုယ်တော်သည်ဣသရေလ ပြည်သူများနှင့်ဘုရင်အား နေ့စဉ်လိုအပ်ချက် များနှင့်အညီကရုဏာပြတော်မူပါစေ သော။-