48. အကယ်၍သူတို့သည်ထိုပြည်တွင်အမှန်ပင် နောင်တရလျက် မိမိတို့၏ဘိုးဘေးများအား ကိုယ်တော်ပေးတော်မူသည့်ပြည်တော်သို့လည်း ကောင်း၊ ကိုယ်တော်ရွေးချယ်ထားတော်မူသည့်ဤ မြို့တော်သို့လည်းကောင်း၊ အကျွန်ုပ်တည်ဆောက် ထားသည့်ဤဗိမာန်တော်သို့လည်းကောင်း မျက် နှာမူ၍ဆုတောင်းပတ္ထနာပြုကြပါလျှင်၊-
49. သူတို့၏ဆုတောင်းပတ္ထနာကိုနားညောင်းတော် မူပါ။ ကိုယ်တော်စံတော်မူရာကောင်းကင်ဘုံက နေ၍နားထောင်တော်မူပြီးလျှင် သူတို့အား ကရုဏာထားတော်မူပါ။-
50. ကိုယ်တော်အားသူတို့ပြစ်မှားပုန်ကန်သည့် အပြစ်မှန်သမျှကိုဖြေလွှတ်တော်မူပါ။ ရန်သူများသည်သူတို့အားသနားကြင် နာကြပါစေသော။-
51. သူတို့သည်အလျှံတောက်လျက်နေသည့်မီးဖို နှင့်တူသော အီဂျစ်ပြည်မှကိုယ်တော်ထုတ်ဆောင် တော်မူခဲ့သောလူမျိုးတော် ကိုယ်တော်ရှင်ပိုင် တော်မူသောလူမျိုးတော်ဖြစ်ပါ၏။''
52. ``အို အရှင်ထာဝရဘုရား၊ ကိုယ်တော်၏လူမျိုး တော်ဣသရေလအမျိုးသားများနှင့်သူတို့၏ ဘုရင်အား အစဉ်အမြဲကရုဏာဖြင့်ကြည့်ရှု့ တော်မူပါ။ ကူမတော်မူရန်အထံတော်သို့သူ တို့ပန်ကြားလျှောက်ထားသည့်အခါတိုင်း သူတို့ ၏ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူပါ။-
53. ကိုယ်တော်သည်အကျွန်ုပ်တို့၏ဘိုးဘေးများ အားအီဂျစ်ပြည်မှထုတ်ဆောင်လာတော်မူစဉ် အခါက ကိုယ်တော်၏အစေခံမောရှေအားဖြင့် မိန့်မှာတော်မူသည့်အတိုင်း ဤသူတို့အားကိုယ် တော်ပိုင်တော်မူသောလူမျိုးတော်ဖြစ်စေရန် လူ မျိုးတကာတို့အထဲကရွေးချယ်တော်မူခဲ့ ပါ၏'' ဟုဆုတောင်းပတ္ထနာပြုတော်မူ၏။