44. ``ကိုယ်တော်သည်ကိုယ်တော်၏လူမျိုးတော်အား ရန်သူများနှင့်စစ်တိုက်ရန်အမိန့်ပေးတော်မူ သောအခါ သူတို့သည်ကိုယ်တော်ရွေးချယ်ထား တော်မူသည့်ဤမြို့တော်နှင့်ကိုယ်တော်အဖို့ အကျွန်ုပ်တည်ဆောက်ထားသည့်ဤဗိမာန်တော် သို့မျက်နှာမူ၍ဆုတောင်းပတ္ထနာပြုကြသော အခါ၊-
45. နားညောင်းတော်မူပါ၊ ကောင်းကင်ဘုံကနေ၍ နားထောင်တော်မူလျက် သူတို့အားအောင်ပွဲကို ပေးတော်မူပါ။''
46. ``အပြစ်မကူးလွန်သူလူတစ်ယောက်မျှမရှိ ပါ။ သို့ဖြစ်၍ကိုယ်တော်၏လူမျိုးတော်သည် ကိုယ်တော်ကိုပြစ်မှားကြပါလိမ့်မည်။ ထိုအခါ ကိုယ်တော်သည်အမျက်ထွက်တော်မူ၍ သူတို့ အားရန်သူများလက်တွင်အရေးရှုံးနိမ့်စေ လျက် တိုင်းတစ်ပါးသို့ဖမ်းဆီးခေါ်ဆောင်ခြင်း ကိုခံစေတော်မူပါလိမ့်မည်။-
47. ထိုတိုင်းပြည်သည်အလွန်ဝေးကွာလျက်ပင်နေ စေကာမူ ကိုယ်တော်ရှင့်လူမျိုးတော်၏ဆုတောင်း ပတ္ထနာကိုနားညောင်းတော်မူပါ။ အကယ်၍သူ တို့သည်ထိုပြည်တွင်နောင်တရလျက် မိမိတို့ အဘယ်မျှအပြစ်ကူးခဲ့၍အဘယ်မျှဆိုး ညစ်ယုတ်မာခဲ့ကြောင်းကိုဖော်ပြဝန်ခံလျက် အထံတော်သို့ဆုတောင်းပတ္ထနာပြုကြပါ လျှင် အို ထာဝရဘုရား၊ သူတို့၏ဆုတောင်း ပတ္ထနာကိုနားညောင်းတော်မူပါ။-
48. အကယ်၍သူတို့သည်ထိုပြည်တွင်အမှန်ပင် နောင်တရလျက် မိမိတို့၏ဘိုးဘေးများအား ကိုယ်တော်ပေးတော်မူသည့်ပြည်တော်သို့လည်း ကောင်း၊ ကိုယ်တော်ရွေးချယ်ထားတော်မူသည့်ဤ မြို့တော်သို့လည်းကောင်း၊ အကျွန်ုပ်တည်ဆောက် ထားသည့်ဤဗိမာန်တော်သို့လည်းကောင်း မျက် နှာမူ၍ဆုတောင်းပတ္ထနာပြုကြပါလျှင်၊-
49. သူတို့၏ဆုတောင်းပတ္ထနာကိုနားညောင်းတော် မူပါ။ ကိုယ်တော်စံတော်မူရာကောင်းကင်ဘုံက နေ၍နားထောင်တော်မူပြီးလျှင် သူတို့အား ကရုဏာထားတော်မူပါ။-
50. ကိုယ်တော်အားသူတို့ပြစ်မှားပုန်ကန်သည့် အပြစ်မှန်သမျှကိုဖြေလွှတ်တော်မူပါ။ ရန်သူများသည်သူတို့အားသနားကြင် နာကြပါစေသော။-
51. သူတို့သည်အလျှံတောက်လျက်နေသည့်မီးဖို နှင့်တူသော အီဂျစ်ပြည်မှကိုယ်တော်ထုတ်ဆောင် တော်မူခဲ့သောလူမျိုးတော် ကိုယ်တော်ရှင်ပိုင် တော်မူသောလူမျိုးတော်ဖြစ်ပါ၏။''
52. ``အို အရှင်ထာဝရဘုရား၊ ကိုယ်တော်၏လူမျိုး တော်ဣသရေလအမျိုးသားများနှင့်သူတို့၏ ဘုရင်အား အစဉ်အမြဲကရုဏာဖြင့်ကြည့်ရှု့ တော်မူပါ။ ကူမတော်မူရန်အထံတော်သို့သူ တို့ပန်ကြားလျှောက်ထားသည့်အခါတိုင်း သူတို့ ၏ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူပါ။-
53. ကိုယ်တော်သည်အကျွန်ုပ်တို့၏ဘိုးဘေးများ အားအီဂျစ်ပြည်မှထုတ်ဆောင်လာတော်မူစဉ် အခါက ကိုယ်တော်၏အစေခံမောရှေအားဖြင့် မိန့်မှာတော်မူသည့်အတိုင်း ဤသူတို့အားကိုယ် တော်ပိုင်တော်မူသောလူမျိုးတော်ဖြစ်စေရန် လူ မျိုးတကာတို့အထဲကရွေးချယ်တော်မူခဲ့ ပါ၏'' ဟုဆုတောင်းပတ္ထနာပြုတော်မူ၏။
54. ရှောလမုန်သည်ယဇ်ပလ္လင်တော်ရှေ့တွင် လက်ကို မြှောက်ချီကာဒူးထောက်လျက် ထာဝရဘုရား ထံတော်သို့ဆုတောင်းပတ္ထနာပြုပြီးသောအခါ နေရာမှထ၍ရပ်တော်မူပြီးလျှင်၊-
55. ထိုနေရာတွင်စုဝေးလျက်နေကြသောလူအပေါင်း တို့အတွက် ဘုရားသခင်၏ကောင်းချီးမင်္ဂလာ ကိုအသံကျယ်စွာတောင်းခံတော်မူ၏။-
56. မင်းကြီးက``ကတိတော်ရှိသည့်အတိုင်းမိမိ၏ လူမျိုးတော်အားငြိမ်းချမ်းသာယာမှုကိုပေးတော် မူသောထာဝရဘုရားကိုထောမနာပြုကြလော့။ ကိုယ်တော်သည်မိမိ၏အစေခံမောရှေအားဖြင့် ပေးတော်မူခဲ့သောကတိတော်အပေါင်းကို တစ်သဝေမတိမ်းတည်စေတော်မူပြီ။-