43. သူ၏ပတ္ထနာကိုနားညောင်းတော်မူပါ။ ကိုယ်တော် စံတော်မူရာကောင်းကင်ဘုံကနေ၍ နားထောင် တော်မူပြီးလျှင်သူပန်ကြားသည့်အတိုင်းပြု တော်မူပါ။ သို့မှသာလျှင်ကမ္ဘာပေါ်ရှိလူအပေါင်း တို့သည် ကိုယ်တော်၏လူမျိုးတော်နည်းတူကိုယ်တော် အားကြောက်ရွံ့ရိုသေကြပါလိမ့်မည်။ ထိုအခါ ကိုယ်တော်ရှင်အဖို့အကျွန်ုပ်တည်ဆောက်ထား သည့် ဤဗိမာန်တော်သည်ကိုယ်တော်အားကိုးကွယ် ဝတ်ပြုရာဌာနတော်ဖြစ်ကြောင်းကိုသူတို့သိ ရှိကြပါလိမ့်မည်။''
44. ``ကိုယ်တော်သည်ကိုယ်တော်၏လူမျိုးတော်အား ရန်သူများနှင့်စစ်တိုက်ရန်အမိန့်ပေးတော်မူ သောအခါ သူတို့သည်ကိုယ်တော်ရွေးချယ်ထား တော်မူသည့်ဤမြို့တော်နှင့်ကိုယ်တော်အဖို့ အကျွန်ုပ်တည်ဆောက်ထားသည့်ဤဗိမာန်တော် သို့မျက်နှာမူ၍ဆုတောင်းပတ္ထနာပြုကြသော အခါ၊-
45. နားညောင်းတော်မူပါ၊ ကောင်းကင်ဘုံကနေ၍ နားထောင်တော်မူလျက် သူတို့အားအောင်ပွဲကို ပေးတော်မူပါ။''