၃ ရာ 8:38-43 Common Language Bible (BCL)

38. သူ​တို့​ပြု​သော​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း တော်​မူ​ပါ။ ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ချို့​တို့​သည်​လှိုက်​လှဲ​စွာ​ဝမ်း​နည်း လျက် ဤ​ဗိ​မာန်​တော်​ဘက်​သို့​လက်​အုပ်​ချီ​၍​ဆု တောင်း​ပတ္ထ​နာ​ပြု​လျှင်၊-

39-40. ကိုယ်​တော်​၏​လူ​မျိုး​တော်​သည်​ဘိုး​ဘေး​များ အား​ပေး​တော်​မူ​မည့်​ပြည်​တော်​တွင်​နေ​ထိုင်​ရ သ​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​တော်​အား​ကြောက်​ရွံ့ ရို​သေ​ကြ​စေ​ရန်​သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ ကို​နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော်​စံ​တော်​မူ ရာ​ကောင်း​ကင်​ဘုံ​က​နေ​၍​နား​ထောင်​တော်​မူ လျက် သူ​တို့​အား​အ​ပြစ်​ဖြေ​လွှတ်​၍​ကူ​မ တော်​မူ​ပါ။ ကိုယ်​တော်​သာ​လျှင်​လူ​အ​ပေါင်း တို့​၏​အ​ကြံ​အ​စည်​များ​ကို​သိ​တော်​မူ​ပါ ၏။ လူ​တိုင်း​ခံ​စား​သင့်​သည့်​အ​ကျိုး​အ​ပြစ် အ​လျောက်​စီ​ရင်​တော်​မူ​ပါ။''

41-42. ``ရပ်​ဝေး​တွင်​နေ​ထိုင်​သည့်​တိုင်း​တစ်​ပါး​သား တစ်​ဦး​သည် ကိုယ်​တော်​၏​ဂုဏ်​သ​တင်း​တော်​ကို လည်း​ကောင်း၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​တွက် ပြု​တော်​မူ​သော​ကြီး​မြတ်​သည့်​အ​မှု​တော်​များ အ​ကြောင်း​ကို​လည်း​ကောင်း​ကြား​ရ​သ​ဖြင့် ကိုယ် တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ဤ​ဗိ​မာန်​တော် သို့​လာ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ၊-

43. သူ​၏​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော် စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​က​နေ​၍ နား​ထောင် တော်​မူ​ပြီး​လျှင်​သူ​ပန်​ကြား​သည့်​အ​တိုင်း​ပြု တော်​မူ​ပါ။ သို့​မှ​သာ​လျှင်​ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း တို့​သည် ကိုယ်​တော်​၏​လူ​မျိုး​တော်​နည်း​တူ​ကိုယ်​တော် အား​ကြောက်​ရွံ့​ရို​သေ​ကြ​ပါ​လိမ့်​မည်။ ထို​အ​ခါ ကိုယ်​တော်​ရှင်​အ​ဖို့​အ​ကျွန်ုပ်​တည်​ဆောက်​ထား သည့် ဤ​ဗိ​မာန်​တော်​သည်​ကိုယ်​တော်​အား​ကိုး​ကွယ် ဝတ်​ပြု​ရာ​ဌာ​န​တော်​ဖြစ်​ကြောင်း​ကို​သူ​တို့​သိ ရှိ​ကြ​ပါ​လိမ့်​မည်။''

၃ ရာ 8