26. အို ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်၏ခမည်းတော်ကိုယ် တော့်အစေခံဒါဝိဒ်အားပေးတော်မူသည့် ကတိတော်ကို အကောင်အထည်ပေါ်စေတော် မူရန်လျှောက်ထားပါ၏။''
27. ``သို့ရာတွင် အို ဘုရားသခင်၊ ကိုယ်တော်သည်ကမ္ဘာ မြေကြီးပေါ်တွင် အကယ်ပင်စံနေတော်မူပါ မည်လော။ ကောင်းကင်ဘုံတစ်ခုလုံးပင်လျှင်ကိုယ် တော်စံတော်မူနိုင်လောက်အောင်မကျယ်ဝန်းပါ။ သို့ဖြစ်၍ကျွန်ုပ်တည်ဆောက်သည့်ဤဗိမာန်တော် သည် စံတော်မူရန်အတွက်မည်သို့ကျယ်ဝန်း နိုင်ပါမည်နည်း။-
28. အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ် သည်ကိုယ်တော်၏အစေခံဖြစ်ပါ၏။ အကျွန်ုပ်၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ၍ ယနေ့ အကျွန်ုပ်လျှောက်ထားပန်ကြားချက်ကိုနား ညောင်းတော်မူပါ။-
29. ကိုယ်တော်အားဝတ်ပြုကိုးကွယ်ရန်ဌာနတော် အဖြစ်ရွေးချယ်တော်မူရာ ဗိမာန်တော်ကိုနေ့ ညမပြတ်စောင့်ထိန်းကြည့်ရှုတော်မူပါ။ ဤ ဗိမာန်တော်သို့မျက်နှာမူလျက် အကျွန်ုပ်တောင်း လျှောက်သောအခါနားညောင်းတော်မူပါ။-
30. ဤဌာနတော်သို့မျက်နှာမူလျက် အကျွန်ုပ်နှင့် ကိုယ်တော်၏လူမျိုးတော်တို့ဆုတောင်းသော အခါနားညောင်းတော်မူပါ။ ကိုယ်တော်စံတော် မူရာကောင်းကင်ဘုံကနေ၍အကျွန်ုပ်တို့၏ လျှောက်ထားချက်ကိုနားညောင်းလျက် အကျွန်ုပ် တို့၏အပြစ်ကိုဖြေလွှတ်တော်မူပါ။''
31. ``လူတစ်ယောက်သည် အခြားသူတစ်ယောက်အား ပြစ်မှားမှုနှင့်စွပ်စွဲခြင်းခံရသဖြင့် မိမိတွင် အပြစ်မရှိကြောင်းဤဗိမာန်တော်ရှိကိုယ်တော် ၏ယဇ်ပလ္လင်တော်ရှေ့၌ကျမ်းကျိန်သောအခါ၊-
32. အို ထာဝရဘုရား၊ ကောင်းကင်ဘုံကနေ၍နား ထောင်တော်မူပြီးလျှင် ကိုယ်တော်၏အစေခံများ အားတရားစီရင်တော်မူပါ။ အပြစ်ရှိသူအား ထိုက်လျောက်ရာအပြစ်ကိုပေးတော်မူ၍ အပြစ် မဲ့သူအားအပြစ်မှလွတ်စေတော်မူပါ။''
33. ``ကိုယ်တော်၏လူမျိုးတော်ဣသရေလအမျိုးသား တို့သည် ကိုယ်တော်ကိုပြစ်မှားသည့်အတွက်ရန်သူ့ လက်တွင်အရေးရှုံးနိမ့်ကြသောအခါ ဤဗိမာန် တော်သို့လာ၍၊ မိမိတို့၏အပြစ်များကိုဖြေလွှတ် တော်မူရန် နှိမ့်ချသောစိတ်နှင့်အထံတော်သို့ဆု တောင်းပတ္ထနာပြုကြလျှင်၊-
34. ကောင်းကင်ဘုံကနေ၍နားထောင်တော်မူပါ။ ကိုယ် တော်၏လူမျိုးတော်ကိုအပြစ်ဖြေလွှတ်တော်မူ၍ ဘိုးဘေးတို့ကိုပေးတော်မူသည့်ပြည်တော်သို့ သူတို့အားပြန်၍ပို့ဆောင်တော်မူပါ။''
35. ``ကိုယ်တော်သည်မိမိ၏လူမျိုးတော်အား ကိုယ် တော်ကိုပြစ်မှားသည့်အတွက်ဆုံးမတော်မူ ရန်မိုးခေါင်စေတော်မူသောအခါ သူတို့သည် နောင်တရ၍ဗိမာန်တော်သို့မျက်နှာမူလျက် နှိမ့်ချသောစိတ်နှင့်အထံတော်သို့ဆုတောင်း ပတ္ထနာပြုလျှင်၊-
36. ကောင်းကင်ဘုံကနေ၍နားထောင်တော်မူပါ။ သူတို့လိုက်ရသောလမ်းမှန်ကိုညွှန်ပြတော် မူပါ။ ထို့နောက်၊ အို ထာဝရဘုရား၊ ကိုယ်တော် ၏လူမျိုးတော်အားအပိုင်ပေးသနားတော်မူ သည့်ပြည်တော်တွင်မိုးရွာစေတော်မူပါ။''
37. ``ပြည်တော်တွင် အစာငတ်မွတ်ခေါင်းပါးသော အခါ၌သော်လည်းကောင်း၊ အနာရောဂါဘေး ဆိုက်သောအခါ၌သော်လည်းကောင်း၊ ကောက်ပဲ သီးနှံတို့သည်လေပူမိခြင်း၊ ပိုးထိခြင်းသို့ မဟုတ်ကျိုင်းကောင်အုပ်ကျခြင်းတို့ကြောင့် ပျက်စီး၍သွားသောအခါ၌သော်လည်းကောင်း၊ ကိုယ်တော်၏လူမျိုးတော်အားရန်သူတို့တိုက် ခိုက်ကြသောအခါ၌သော်လည်းကောင်း၊ သူတို့ တွင်ဘေးဥပဒ်၊ အနာရောဂါတစ်စုံတစ်ခု ရောက်သောအခါ၌သော်လည်းကောင်း၊-
38. သူတို့ပြုသောဆုတောင်းပတ္ထနာကိုနားညောင်း တော်မူပါ။ ကိုယ်တော်၏လူမျိုးတော်ဣသရေလ အမျိုးသားအချို့တို့သည်လှိုက်လှဲစွာဝမ်းနည်း လျက် ဤဗိမာန်တော်ဘက်သို့လက်အုပ်ချီ၍ဆု တောင်းပတ္ထနာပြုလျှင်၊-
39-40. ကိုယ်တော်၏လူမျိုးတော်သည်ဘိုးဘေးများ အားပေးတော်မူမည့်ပြည်တော်တွင်နေထိုင်ရ သမျှကာလပတ်လုံး ကိုယ်တော်အားကြောက်ရွံ့ ရိုသေကြစေရန်သူတို့၏ဆုတောင်းပတ္ထနာ ကိုနားညောင်းတော်မူပါ။ ကိုယ်တော်စံတော်မူ ရာကောင်းကင်ဘုံကနေ၍နားထောင်တော်မူ လျက် သူတို့အားအပြစ်ဖြေလွှတ်၍ကူမ တော်မူပါ။ ကိုယ်တော်သာလျှင်လူအပေါင်း တို့၏အကြံအစည်များကိုသိတော်မူပါ ၏။ လူတိုင်းခံစားသင့်သည့်အကျိုးအပြစ် အလျောက်စီရင်တော်မူပါ။''
41-42. ``ရပ်ဝေးတွင်နေထိုင်သည့်တိုင်းတစ်ပါးသား တစ်ဦးသည် ကိုယ်တော်၏ဂုဏ်သတင်းတော်ကို လည်းကောင်း၊ ကိုယ်တော်၏လူမျိုးတော်အတွက် ပြုတော်မူသောကြီးမြတ်သည့်အမှုတော်များ အကြောင်းကိုလည်းကောင်းကြားရသဖြင့် ကိုယ် တော်အားဝတ်ပြုကိုးကွယ်ရန်ဤဗိမာန်တော် သို့လာ၍ဆုတောင်းပတ္ထနာပြုသောအခါ၊-