၃ ရာ 8:23-29 Common Language Bible (BCL)

23. ``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ မိုး​ကောင်း​ကင်​၌​သော်​လည်း​ကောင်း၊ ကမ္ဘာ​မြေ​ကြီး​ပေါ်​၌​သော်​လည်း​ကောင်း​ကိုယ်​တော် နှင့်​တူ​သော​ဘု​ရား​မ​ရှိ​ပါ။ ကိုယ်​တော်​၏​လူ​မျိုး တော်​သည် ကိုယ်​တော့်​စ​ကား​တော်​ကို​စိတ်​နှ​လုံး အ​ကြွင်း​မဲ့​လိုက်​နာ​ကျင့်​သုံး​ကြ​သော​အ​ခါ ကိုယ်​တော်​သည်​သူ​တို့​နှင့်​ထား​ရှိ​သည့်​ပ​ဋိ​ညာဉ် တော်​ကို​စောင့်​ထိန်း​တော်​မူ​လျက် သူ​တို့​အား မေတ္တာ​က​ရု​ဏာ​တော်​ကို​ပြ​တော်​မူ​ပါ​၏။-

24. ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏​ခ​မည်း​တော်​ဒါ​ဝိဒ် အား​ပေး​တော်​မူ​ခဲ့​သည့်​က​တိ​တော်​နှင့်​အ​ညီ ပြု​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​၏​မိန့်​တော်​မူ​ခဲ့ သ​မျှ​တို့​ကို ယ​နေ့​အ​ကောင်​အ​ထည်​ပေါ် စေ​တော်​မူ​ပါ​ပြီ။-

25. `အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏​ခ​မည်း တော်​ဒါ​ဝိဒ်​အား​သင်​၏​သား​မြေး​တို့​သည် သင့် ကဲ့​သို့​ငါ့​စ​ကား​ကို​ဂ​ရု​ပြု​၍​နား​ထောင်​ကြ လျှင် ဣ​သ​ရေ​လ​ပြည်​တွင်​အ​ဘယ်​အ​ခါ​မျှ သင်​၏​အ​မျိုး​မင်း​ရိုး​ပြတ်​ရ​လိမ့်​မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​ခဲ့​သည့်​က​တိ​တော်​အ​တိုင်း ယ​ခု​ပြု​တော်​မူ​ပါ။-

26. အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​၏​ခ​မည်း​တော်​ကိုယ် တော့်​အ​စေ​ခံ​ဒါ​ဝိဒ်​အား​ပေး​တော်​မူ​သည့် ကတိ​တော်​ကို အ​ကောင်​အ​ထည်​ပေါ်​စေ​တော် မူ​ရန်​လျှောက်​ထား​ပါ​၏။''

27. ``သို့​ရာ​တွင် အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​ကမ္ဘာ မြေ​ကြီး​ပေါ်​တွင် အ​ကယ်​ပင်​စံ​နေ​တော်​မူ​ပါ မည်​လော။ ကောင်း​ကင်​ဘုံ​တစ်​ခု​လုံး​ပင်​လျှင်​ကိုယ် တော်​စံ​တော်​မူ​နိုင်​လောက်​အောင်​မ​ကျယ်​ဝန်း​ပါ။ သို့​ဖြစ်​၍​ကျွန်ုပ်​တည်​ဆောက်​သည့်​ဤ​ဗိမာန်​တော် သည် စံ​တော်​မူ​ရန်​အ​တွက်​မည်​သို့​ကျယ်​ဝန်း နိုင်​ပါ​မည်​နည်း။-

28. အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင်​ထာဝရ​ဘု​ရား၊ အ​ကျွန်ုပ် သည်​ကိုယ်​တော်​၏​အ​စေ​ခံ​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​၏ ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​၍ ယ​နေ့ အ​ကျွန်ုပ်​လျှောက်​ထား​ပန်​ကြား​ချက်​ကို​နား ညောင်း​တော်​မူ​ပါ။-

29. ကိုယ်​တော်​အား​ဝတ်​ပြုကိုး​ကွယ်​ရန်​ဌာ​န​တော် အ​ဖြစ်​ရွေး​ချယ်​တော်​မူ​ရာ ဗိ​မာန်​တော်​ကို​နေ့ ည​မ​ပြတ်​စောင့်​ထိန်း​ကြည့်​ရှု​တော်​မူ​ပါ။ ဤ ဗိ​မာန်​တော်​သို့​မျက်​နှာ​မူ​လျက် အ​ကျွန်ုပ်​တောင်း လျှောက်​သော​အ​ခါ​နား​ညောင်း​တော်​မူ​ပါ။-

၃ ရာ 8