၃ ရာ 8:1-8 Common Language Bible (BCL)

1. ရှော​လ​မုန်​မင်း​သည် ထာ​ဝရ​ဘု​ရား​၏​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ဇိ​အုန်​တည်း​ဟူ​သော​ဒါ​ဝိဒ်​မြို့ မှ ဗိ​မာန်​တော်​သို့​ပင့်​ဆောင်​ရန်​အ​တွက် ဣ​သ​ရေ​လ ခေါင်း​ဆောင်​များ​ဖြစ်​သည့်​အ​နွယ်​ခေါင်း​ဆောင်​များ နှင့်​သား​ချင်း​စု​ခေါင်း​ဆောင်​များ​အား အ​ထံ​တော် သို့​ဆင့်​ခေါ်​တော်​မူ​၏။-

2. ထို​သူ​အ​ပေါင်း​တို့​သည်​ဧ​သ​နိမ်​အ​မည်​တွင် သော​သတ္တ​မ​လ​၌ ကျင်း​ပ​သည့်​သစ်​ခက်​တဲ​နေ ပွဲ​တော်​သို့​လာ​ရောက်​စု​ဝေး​ကြ​၏။-

3. ခေါင်း​ဆောင်​အ​ပေါင်း​တို့​လာ​ရောက်​စု​ဝေး​ကြ သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ပဋိညာဉ် သေတ္တာ​တော်​ကို​ထမ်း​၍၊-

4. ဗိ​မာန်​တော်​သို့​ပင့်​ဆောင်​သွား​ကြ​၏။ ယဇ်​ပု​ရော ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် ထာ​ဝ​ရ ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ​တဲ​တော်​နှင့်​တဲ​တော် တန်​ဆာ​များ​ကို​လည်း ဗိ​မာန်​တော်​သို့​သယ် ဆောင်​ကြ​၏။-

5. ရှော​လ​မုန်​မင်း​နှင့်​ဣ​သ​ရေ​လ​ပြည်​သူ​အ​ပေါင်း တို့​သည် ပ​ဋိ​ညာဉ်​သေတ္တာ​တော်​၏​ရှေ့​၌​စု​ဝေး​၍ မ​ရေ​တွက်​နိုင်​အောင်​များ​ပြား​သည့်​သိုး​နွား များ​ကို​ယဇ်​ပူ​ဇော်​ကြ​လေ​သည်။-

6. ထို့​နောက်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို ဗိ​မာန်​တော်​ထဲ​သို့​ပင့်​ဆောင် ကာ​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ရှိ ခေ​ရု​ဗိမ် တို့​၏​အ​တောင်​များ​အောက်​တွင်​ထား​ကြ​၏။-

7. ခေ​ရု​ဗိမ်​တို့​၏​အ​တောင်​များ​သည်​ပ​ဋိ​ညာဉ် သေတ္တာ​အ​ပေါ်​သို့​ဖြန့်​လျက် သေတ္တာ​တော်​နှင့် ထမ်း​ပိုး​များ​ကို​ပါ​လွှမ်း​မိုး​ထား​လေ​သည်။-

8. ထမ်း​ပိုး​အ​စွန်း​တို့​ကို​ဗိ​မာန်​တော်​အ​လွန်​သန့် ရှင်း​ရာ​ဌာ​န​၏​ရှေ့​တည့်​တည့်​မှ​နေ​၍​တွေ့​မြင် နိုင်​၏။ သို့​ရာ​တွင်​အ​ခြား​အ​ဘယ်​နေ​ရာ​မှ နေ​၍​မ​မြင်​နိုင်။ (ထို​ထမ်း​ပိုး​တို့​သည်​ယ​နေ့ တိုင်​အောင်​ထို​နေ​ရာ​၌​ရှိ​နေ​၏။-)

39-40. ကိုယ်​တော်​၏​လူ​မျိုး​တော်​သည်​ဘိုး​ဘေး​များ အား​ပေး​တော်​မူ​မည့်​ပြည်​တော်​တွင်​နေ​ထိုင်​ရ သ​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​တော်​အား​ကြောက်​ရွံ့ ရို​သေ​ကြ​စေ​ရန်​သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ ကို​နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော်​စံ​တော်​မူ ရာ​ကောင်း​ကင်​ဘုံ​က​နေ​၍​နား​ထောင်​တော်​မူ လျက် သူ​တို့​အား​အ​ပြစ်​ဖြေ​လွှတ်​၍​ကူ​မ တော်​မူ​ပါ။ ကိုယ်​တော်​သာ​လျှင်​လူ​အ​ပေါင်း တို့​၏​အ​ကြံ​အ​စည်​များ​ကို​သိ​တော်​မူ​ပါ ၏။ လူ​တိုင်း​ခံ​စား​သင့်​သည့်​အ​ကျိုး​အ​ပြစ် အ​လျောက်​စီ​ရင်​တော်​မူ​ပါ။''

41-42. ``ရပ်​ဝေး​တွင်​နေ​ထိုင်​သည့်​တိုင်း​တစ်​ပါး​သား တစ်​ဦး​သည် ကိုယ်​တော်​၏​ဂုဏ်​သ​တင်း​တော်​ကို လည်း​ကောင်း၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​တွက် ပြု​တော်​မူ​သော​ကြီး​မြတ်​သည့်​အ​မှု​တော်​များ အ​ကြောင်း​ကို​လည်း​ကောင်း​ကြား​ရ​သ​ဖြင့် ကိုယ် တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ဤ​ဗိ​မာန်​တော် သို့​လာ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ၊-

၃ ရာ 8