36. ထောက်တိုင်များနှင့်မှန်ကူကွက်ပုံများတွင်နေရာ လပ်ရှိသမျှတို့၌ခေရုဗိမ်၊ ခြင်္သေ့၊ စွန်ပလွံပင် ပုံများနှင့် ပတ်လည်တွင်ပန်းဆိုင်းများကိုထု လုပ်ထား၏။-
37. ဤကားလက်တွန်းလှည်းများကိုပြုလုပ်ပုံဖြစ် လေသည်။ ထိုလှည်းတို့သည်တစ်မျိုးတစ်စား တည်းဖြစ်၍ပုံသဏ္ဌာန်လုံးရပ်တူညီကြ၏။
38. ဟိရံသည်လှည်းတစ်စီးလျှင်အင်တုံတစ်လုံး ကျဖြင့် အင်တုံဆယ်လုံးကိုလည်းသွန်းလုပ်၏။ အင်တုံတစ်လုံးလျှင်အချင်းခြောက်ပေရှိ၍ ဂါလံနှစ်ရာဝင်လေသည်။-
39. ဟိရံသည်ဗိမာန်တော်တောင်ဘက်၌လှည်းငါးစီး၊ မြောက်ဘက်၌အခြားလှည်းငါးစီးကိုနေရာချ ထား၍ ရေကန်ကိုမူအရှေ့တောင်ထောင့်၌ထား၏။
40-45. ဟိရံသည်အိုးများ၊ ရေမှုတ်များ၊ ခွက်ဖလားများ ကိုလည်းပြုလုပ်၏။ သူသည်ထာဝရဘုရား၏ ဗိမာန်တော်အတွက် ရှောလမုန်မင်းစေခိုင်းသမျှ သောအလုပ်တို့ကိုပြီးစီးအောင်ဆောင်ရွက်လေ သည်။ သူပြုလုပ်သောပစ္စည်းများမှာအောက်ပါ အတိုင်းဖြစ်လေသည်။တိုင်ကြီးနှစ်လုံး၊ဖလားပုံသဏ္ဌာန်ရှိတိုင်ထိပ်အုပ်နှစ်ခု၊တိုင်ထိပ်အုပ်များတွက်ကွန်ရက်များ၊ကွန်ရက်ပတ်လည်မှအလုံးတစ်ရာစီရှိသောသလဲသီးကုံးနှစ်ကုံးအတွက်သလဲသီး အလုံးလေးရာ၊လက်တွန်းလှည်းဆယ်စီး၊အင်တုံဆယ်လုံး၊ရေကန်၊ရေကန်တင်ရန်နွားရုပ်ဆယ့်နှစ်ခု၊အိုးများ၊ ကော်ပြားများနှင့်ခွက်ဖလားများ၊ဗိမာန်တော်တွင်အသုံးပြုရန်ရှောလမုန်မင်းအတွက် ဟိရံပြုလုပ်ပေးသောဤပစ္စည်းတန်ဆာတို့သည် အရောင်တင်ထားချွတ်ပြီးကြေးဝါဖြင့်ပြီးကြ၏။-
46. မင်းကြီးသည်ယော်ဒန်မြစ်ဝှမ်းရှိသုကုတ်မြို့နှင့် ဇာရတန်မြို့စပ်ကြားတွင်ရှိသောကြေးအရည် ကြိုစက်၌ ထိုတန်ဆာများကိုသွန်းလုပ်စေတော် မူ၏။-
47. ထိုပစ္စည်းတန်ဆာတို့သည်အလွန်များသော ကြောင့်မချိန်တွယ်ဘဲထား၏။ ထို့ကြောင့်ယင်း တို့၏အလေးချိန်ကိုမသိနိုင်။
48. ရှောလမုန်သည်ဗိမာန်တော်အတွက် ရွှေတန်ဆာ များကိုလည်းပြုလုပ်စေတော်မူ၏။ ယင်းတို့မှ ယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်ရန်စားပွဲ၊-
49. အလွန်သန့်ရှင်းရာဌာနတော်ရှေ့၌လက်ယာ ဘက်တွင်ထားရှိသည့် မီးတင်ခုံငါးခုနှင့်လက် ဝဲဘက်တွင်ထားရှိသည့်မီးတင်ခုံငါးခု၊ ရွှေ ပန်းပွင့်များ၊ ရွှေမီးခွက်များနှင့်မီးကိုင်တန် ဆာများ၊-