31. အင်တုံတင်ရန်အတွက်တိုင်ထိပ်များကိုစက်ဝိုင်း ပုံသဏ္ဌာန်ဘောင်ခတ်၍ထားလေသည်။ ထိုဘောင် သည်လှည်းထက်တစ်ဆယ့်ရှစ်လက်မမြင့်၍ လှည်း အတွင်းသို့ခုနစ်လက်မဝင်လျက်နေ၏။ ယင်း ၏ပတ်လည်၌လည်းအရုပ်များထုလုပ်၍ ထားသတည်း။-
32. ဘီးများမှာနှစ်ဆယ့်ငါးလက်မစီမြင့်၍ မှန် ကူကွက်ပုံများအောက်၌တည်ရှိ၏။ ဝင်ရိုး များကိုမူလှည်းနှင့်တစ်ဆက်တည်းသွန်း လုပ်ထားလေသည်။-
33. ဘီးတို့သည်ရထားဘီးနှင့်တူ၍ဝင်ရိုးများ၊ ခွေများ၊ ထောက်များ၊ ပုံတောင်းများကိုကြေး ဝါဖြင့်ပြုလုပ်ထား၏။-
34. လှည်းအိမ်အောက်ပိုင်းထောင့်လေးထောင့်၌ လှည်း နှင့်တစ်ဆက်တည်းသွန်းလုပ်ထားသောထောက် တိုင်လေးခုရှိ၏။-
35. လှည်း၏ထိပ်တို့ကိုထုကိုးလက်မရှိကြေးဝါခွေ ဖြင့်ပတ်၍ထားလေသည်။ ထောက်တိုင်များနှင့်မှန် ကူကွက်ပုံများကိုလှည်းနှင့်တစ်ဆက်တည်းသွန်း လုပ်သည်။-
36. ထောက်တိုင်များနှင့်မှန်ကူကွက်ပုံများတွင်နေရာ လပ်ရှိသမျှတို့၌ခေရုဗိမ်၊ ခြင်္သေ့၊ စွန်ပလွံပင် ပုံများနှင့် ပတ်လည်တွင်ပန်းဆိုင်းများကိုထု လုပ်ထား၏။-
37. ဤကားလက်တွန်းလှည်းများကိုပြုလုပ်ပုံဖြစ် လေသည်။ ထိုလှည်းတို့သည်တစ်မျိုးတစ်စား တည်းဖြစ်၍ပုံသဏ္ဌာန်လုံးရပ်တူညီကြ၏။
38. ဟိရံသည်လှည်းတစ်စီးလျှင်အင်တုံတစ်လုံး ကျဖြင့် အင်တုံဆယ်လုံးကိုလည်းသွန်းလုပ်၏။ အင်တုံတစ်လုံးလျှင်အချင်းခြောက်ပေရှိ၍ ဂါလံနှစ်ရာဝင်လေသည်။-
39. ဟိရံသည်ဗိမာန်တော်တောင်ဘက်၌လှည်းငါးစီး၊ မြောက်ဘက်၌အခြားလှည်းငါးစီးကိုနေရာချ ထား၍ ရေကန်ကိုမူအရှေ့တောင်ထောင့်၌ထား၏။