29. ထိုမှန်ပုံများတွင် ခြင်္သေ့ရုပ်၊ နွားရုပ်နှင့်ခေရုဗိမ် ရုပ်များကိုထုလုပ်ထား၏။ ခြင်္သေ့ရုပ်များ၊ နွားရုပ် များ၏အထက်နှင့်အောက်တွင်ရှိသည့်ဘောင် များ၏အပေါ်၌ပန်းဆိုင်းများကိုရုပ်လုံး ဖော်၍ထုလုပ်ထား၏။-
30. လှည်းတစ်စီးလျှင်ကြေးဝါဘီးလေးခုနှင့်ကြေး ဝင်ရိုးများရှိ၏။ လှည်း၏ထောင့်လေးခု၌အင်တုံ တင်ရန်အတွက် ကြေးဝါထောက်တိုင်လေးခုရှိ၏။ ထိုထောက်တိုင်တို့ကိုပန်းဆိုင်းများဖြင့်ရုပ်လုံး ဖော်၍တန်ဆာဆင်ပြီးနောက်၊-
31. အင်တုံတင်ရန်အတွက်တိုင်ထိပ်များကိုစက်ဝိုင်း ပုံသဏ္ဌာန်ဘောင်ခတ်၍ထားလေသည်။ ထိုဘောင် သည်လှည်းထက်တစ်ဆယ့်ရှစ်လက်မမြင့်၍ လှည်း အတွင်းသို့ခုနစ်လက်မဝင်လျက်နေ၏။ ယင်း ၏ပတ်လည်၌လည်းအရုပ်များထုလုပ်၍ ထားသတည်း။-
32. ဘီးများမှာနှစ်ဆယ့်ငါးလက်မစီမြင့်၍ မှန် ကူကွက်ပုံများအောက်၌တည်ရှိ၏။ ဝင်ရိုး များကိုမူလှည်းနှင့်တစ်ဆက်တည်းသွန်း လုပ်ထားလေသည်။-
33. ဘီးတို့သည်ရထားဘီးနှင့်တူ၍ဝင်ရိုးများ၊ ခွေများ၊ ထောက်များ၊ ပုံတောင်းများကိုကြေး ဝါဖြင့်ပြုလုပ်ထား၏။-
34. လှည်းအိမ်အောက်ပိုင်းထောင့်လေးထောင့်၌ လှည်း နှင့်တစ်ဆက်တည်းသွန်းလုပ်ထားသောထောက် တိုင်လေးခုရှိ၏။-
35. လှည်း၏ထိပ်တို့ကိုထုကိုးလက်မရှိကြေးဝါခွေ ဖြင့်ပတ်၍ထားလေသည်။ ထောက်တိုင်များနှင့်မှန် ကူကွက်ပုံများကိုလှည်းနှင့်တစ်ဆက်တည်းသွန်း လုပ်သည်။-
36. ထောက်တိုင်များနှင့်မှန်ကူကွက်ပုံများတွင်နေရာ လပ်ရှိသမျှတို့၌ခေရုဗိမ်၊ ခြင်္သေ့၊ စွန်ပလွံပင် ပုံများနှင့် ပတ်လည်တွင်ပန်းဆိုင်းများကိုထု လုပ်ထား၏။-
37. ဤကားလက်တွန်းလှည်းများကိုပြုလုပ်ပုံဖြစ် လေသည်။ ထိုလှည်းတို့သည်တစ်မျိုးတစ်စား တည်းဖြစ်၍ပုံသဏ္ဌာန်လုံးရပ်တူညီကြ၏။
38. ဟိရံသည်လှည်းတစ်စီးလျှင်အင်တုံတစ်လုံး ကျဖြင့် အင်တုံဆယ်လုံးကိုလည်းသွန်းလုပ်၏။ အင်တုံတစ်လုံးလျှင်အချင်းခြောက်ပေရှိ၍ ဂါလံနှစ်ရာဝင်လေသည်။-
39. ဟိရံသည်ဗိမာန်တော်တောင်ဘက်၌လှည်းငါးစီး၊ မြောက်ဘက်၌အခြားလှည်းငါးစီးကိုနေရာချ ထား၍ ရေကန်ကိုမူအရှေ့တောင်ထောင့်၌ထား၏။
40-45. ဟိရံသည်အိုးများ၊ ရေမှုတ်များ၊ ခွက်ဖလားများ ကိုလည်းပြုလုပ်၏။ သူသည်ထာဝရဘုရား၏ ဗိမာန်တော်အတွက် ရှောလမုန်မင်းစေခိုင်းသမျှ သောအလုပ်တို့ကိုပြီးစီးအောင်ဆောင်ရွက်လေ သည်။ သူပြုလုပ်သောပစ္စည်းများမှာအောက်ပါ အတိုင်းဖြစ်လေသည်။တိုင်ကြီးနှစ်လုံး၊ဖလားပုံသဏ္ဌာန်ရှိတိုင်ထိပ်အုပ်နှစ်ခု၊တိုင်ထိပ်အုပ်များတွက်ကွန်ရက်များ၊ကွန်ရက်ပတ်လည်မှအလုံးတစ်ရာစီရှိသောသလဲသီးကုံးနှစ်ကုံးအတွက်သလဲသီး အလုံးလေးရာ၊လက်တွန်းလှည်းဆယ်စီး၊အင်တုံဆယ်လုံး၊ရေကန်၊ရေကန်တင်ရန်နွားရုပ်ဆယ့်နှစ်ခု၊အိုးများ၊ ကော်ပြားများနှင့်ခွက်ဖလားများ၊ဗိမာန်တော်တွင်အသုံးပြုရန်ရှောလမုန်မင်းအတွက် ဟိရံပြုလုပ်ပေးသောဤပစ္စည်းတန်ဆာတို့သည် အရောင်တင်ထားချွတ်ပြီးကြေးဝါဖြင့်ပြီးကြ၏။-
46. မင်းကြီးသည်ယော်ဒန်မြစ်ဝှမ်းရှိသုကုတ်မြို့နှင့် ဇာရတန်မြို့စပ်ကြားတွင်ရှိသောကြေးအရည် ကြိုစက်၌ ထိုတန်ဆာများကိုသွန်းလုပ်စေတော် မူ၏။-
47. ထိုပစ္စည်းတန်ဆာတို့သည်အလွန်များသော ကြောင့်မချိန်တွယ်ဘဲထား၏။ ထို့ကြောင့်ယင်း တို့၏အလေးချိန်ကိုမသိနိုင်။