25. ရေကန်ကိုအရပ်တစ်မျက်နှာလျှင်သုံးကောင်ကျ အပြင်သို့မျက်နှာမူလျက်နေသည့်ကြေးဝါ နွားတစ်ဆယ့်နှစ်ကောင်၏ကျောကုန်းပေါ်တွင် တင်ထား၏။-
26. ရေကန်ဘောင်သည်ထုသုံးလက်မရှိ၍အပေါ် အနားမှာ ဖလားအနားကဲ့သို့ကြာပွင့်ချပ် သဏ္ဌာန်ရှိလေသည်။ ထိုရေကန်သည်ဂါလံတစ် သောင်းဝင်သတည်း။
27. ဟိရံသည် ကြေးဝါလက်တွန်းလှည်းဆယ်စီးကို လည်းပြုလုပ်၏။ ထိုလှည်းတို့သည်အလျားခြောက် ပေ၊ အနံခြောက်ပေနှင့်အမြင့်လေးပေခွဲစီရှိ ကြ၏။-
28. ယင်းတို့ကို ဘောင်သွင်းထားသည့်စတုရန်း မှန်ကူကွက်ပုံများဖြင့်ပြုလုပ်ထားလေသည်။-
29. ထိုမှန်ပုံများတွင် ခြင်္သေ့ရုပ်၊ နွားရုပ်နှင့်ခေရုဗိမ် ရုပ်များကိုထုလုပ်ထား၏။ ခြင်္သေ့ရုပ်များ၊ နွားရုပ် များ၏အထက်နှင့်အောက်တွင်ရှိသည့်ဘောင် များ၏အပေါ်၌ပန်းဆိုင်းများကိုရုပ်လုံး ဖော်၍ထုလုပ်ထား၏။-
30. လှည်းတစ်စီးလျှင်ကြေးဝါဘီးလေးခုနှင့်ကြေး ဝင်ရိုးများရှိ၏။ လှည်း၏ထောင့်လေးခု၌အင်တုံ တင်ရန်အတွက် ကြေးဝါထောက်တိုင်လေးခုရှိ၏။ ထိုထောက်တိုင်တို့ကိုပန်းဆိုင်းများဖြင့်ရုပ်လုံး ဖော်၍တန်ဆာဆင်ပြီးနောက်၊-
31. အင်တုံတင်ရန်အတွက်တိုင်ထိပ်များကိုစက်ဝိုင်း ပုံသဏ္ဌာန်ဘောင်ခတ်၍ထားလေသည်။ ထိုဘောင် သည်လှည်းထက်တစ်ဆယ့်ရှစ်လက်မမြင့်၍ လှည်း အတွင်းသို့ခုနစ်လက်မဝင်လျက်နေ၏။ ယင်း ၏ပတ်လည်၌လည်းအရုပ်များထုလုပ်၍ ထားသတည်း။-
32. ဘီးများမှာနှစ်ဆယ့်ငါးလက်မစီမြင့်၍ မှန် ကူကွက်ပုံများအောက်၌တည်ရှိ၏။ ဝင်ရိုး များကိုမူလှည်းနှင့်တစ်ဆက်တည်းသွန်း လုပ်ထားလေသည်။-
33. ဘီးတို့သည်ရထားဘီးနှင့်တူ၍ဝင်ရိုးများ၊ ခွေများ၊ ထောက်များ၊ ပုံတောင်းများကိုကြေး ဝါဖြင့်ပြုလုပ်ထား၏။-
34. လှည်းအိမ်အောက်ပိုင်းထောင့်လေးထောင့်၌ လှည်း နှင့်တစ်ဆက်တည်းသွန်းလုပ်ထားသောထောက် တိုင်လေးခုရှိ၏။-
35. လှည်း၏ထိပ်တို့ကိုထုကိုးလက်မရှိကြေးဝါခွေ ဖြင့်ပတ်၍ထားလေသည်။ ထောက်တိုင်များနှင့်မှန် ကူကွက်ပုံများကိုလှည်းနှင့်တစ်ဆက်တည်းသွန်း လုပ်သည်။-
36. ထောက်တိုင်များနှင့်မှန်ကူကွက်ပုံများတွင်နေရာ လပ်ရှိသမျှတို့၌ခေရုဗိမ်၊ ခြင်္သေ့၊ စွန်ပလွံပင် ပုံများနှင့် ပတ်လည်တွင်ပန်းဆိုင်းများကိုထု လုပ်ထား၏။-
37. ဤကားလက်တွန်းလှည်းများကိုပြုလုပ်ပုံဖြစ် လေသည်။ ထိုလှည်းတို့သည်တစ်မျိုးတစ်စား တည်းဖြစ်၍ပုံသဏ္ဌာန်လုံးရပ်တူညီကြ၏။