၃ ရာ 7:21-35 Common Language Bible (BCL)

21. ဟိ​ရံ​သည်​ဤ​ကြေး​ဝါ​တိုင်​ကြီး​နှစ်​လုံး​ကို ဗိ​မာန်​တော်​အ​ဝင်​ဝ​ရှေ့​၌​စိုက်​ထူ​ထား​ပြီး လျှင် တောင်​ဘက်​တိုင်​ကို​ယာ​ခိန်၊ မြောက်​ဘက်​တိုင် ကို​ဗောဇ​ဟူ​၍​လည်း​ကောင်း​နာ​မည်​မှည့်​၏။-

22. ထို​တိုင်​ကြီး​တို့​တွင်​ကြာ​ပွင့်​ပုံ​သဏ္ဌာန်​တိုင် ထိပ်​အုပ်​များ​ရှိ​လေ​သည်။ သို့​ဖြစ်​၍​တိုင်​ကြီး များ​သွန်း​လုပ်​သည့်​လုပ်​ငန်း​မှာ​ပြီး​ဆုံး သ​တည်း။

23. ဟိ​ရံ​သည်​အ​နက်​ခု​နစ်​ပေ​ခွဲ၊ အ​ချင်း​တစ်​ဆယ့် ငါး​ပေ၊ အ​ဝန်း​လေး​ဆယ့်​ငါး​ပေ​ရှိ​သော​ကြေး ဝါ​ရေ​ကန်​ဝိုင်း​ကို​သွန်း​လုပ်​၏။-

24. ရေ​ကန်​၏​အ​ပြင်​အနား​ပတ်​လည်​၌​ဘူး​သီး တန်း​နှစ်​တန်း​ကို ရေ​ကန်​ကြီး​နှင့်​တစ်​စပ်​တည်း သွန်း​လုပ်​လေ​သည်။-

25. ရေ​ကန်​ကို​အ​ရပ်​တစ်​မျက်​နှာ​လျှင်​သုံး​ကောင်​ကျ အ​ပြင်​သို့​မျက်​နှာ​မူ​လျက်​နေ​သည့်​ကြေး​ဝါ နွား​တစ်​ဆယ့်​နှစ်​ကောင်​၏​ကျော​ကုန်း​ပေါ်​တွင် တင်​ထား​၏။-

26. ရေ​ကန်​ဘောင်​သည်​ထု​သုံး​လက်​မ​ရှိ​၍​အ​ပေါ် အ​နား​မှာ ဖ​လား​အ​နား​ကဲ့​သို့​ကြာ​ပွင့်​ချပ် သဏ္ဌာန်​ရှိ​လေ​သည်။ ထို​ရေ​ကန်​သည်​ဂါ​လံ​တစ် သောင်း​ဝင်​သ​တည်း။

27. ဟိ​ရံ​သည် ကြေး​ဝါ​လက်​တွန်း​လှည်း​ဆယ်​စီး​ကို လည်း​ပြု​လုပ်​၏။ ထို​လှည်း​တို့​သည်​အ​လျား​ခြောက် ပေ၊ အ​နံ​ခြောက်​ပေ​နှင့်​အ​မြင့်​လေး​ပေ​ခွဲ​စီ​ရှိ ကြ​၏။-

28. ယင်း​တို့​ကို ဘောင်​သွင်း​ထား​သည့်​စ​တု​ရန်း မှန်​ကူ​ကွက်​ပုံ​များ​ဖြင့်​ပြု​လုပ်​ထား​လေ​သည်။-

29. ထို​မှန်​ပုံ​များ​တွင် ခြင်္သေ့​ရုပ်၊ နွား​ရုပ်​နှင့်​ခေ​ရု​ဗိမ် ရုပ်​များ​ကို​ထု​လုပ်​ထား​၏။ ခြင်္သေ့​ရုပ်​များ၊ နွား​ရုပ် များ​၏​အ​ထက်​နှင့်​အောက်​တွင်​ရှိ​သည့်​ဘောင် များ​၏​အ​ပေါ်​၌​ပန်း​ဆိုင်း​များ​ကို​ရုပ်​လုံး ဖော်​၍​ထု​လုပ်​ထား​၏။-

30. လှည်း​တစ်​စီး​လျှင်​ကြေး​ဝါ​ဘီး​လေး​ခု​နှင့်​ကြေး ဝင်​ရိုး​များ​ရှိ​၏။ လှည်း​၏​ထောင့်​လေး​ခု​၌​အင်​တုံ တင်​ရန်​အ​တွက် ကြေး​ဝါ​ထောက်​တိုင်​လေး​ခု​ရှိ​၏။ ထို​ထောက်​တိုင်​တို့​ကို​ပန်း​ဆိုင်း​များ​ဖြင့်​ရုပ်​လုံး ဖော်​၍​တန်​ဆာ​ဆင်​ပြီး​နောက်၊-

31. အင်​တုံ​တင်​ရန်​အ​တွက်​တိုင်​ထိပ်​များ​ကို​စက်​ဝိုင်း ပုံ​သဏ္ဌာန်​ဘောင်​ခတ်​၍​ထား​လေ​သည်။ ထို​ဘောင် သည်​လှည်း​ထက်​တစ်​ဆယ့်​ရှစ်​လက်​မ​မြင့်​၍ လှည်း အ​တွင်း​သို့​ခု​နစ်​လက်​မ​ဝင်​လျက်​နေ​၏။ ယင်း ၏​ပတ်​လည်​၌​လည်း​အ​ရုပ်​များ​ထု​လုပ်​၍ ထား​သ​တည်း။-

32. ဘီး​များ​မှာ​နှစ်​ဆယ့်​ငါး​လက်​မ​စီ​မြင့်​၍ မှန် ကူ​ကွက်​ပုံ​များ​အောက်​၌​တည်​ရှိ​၏။ ဝင်​ရိုး များ​ကို​မူ​လှည်း​နှင့်​တစ်​ဆက်​တည်း​သွန်း လုပ်​ထား​လေ​သည်။-

33. ဘီး​တို့​သည်​ရ​ထား​ဘီး​နှင့်​တူ​၍​ဝင်​ရိုး​များ၊ ခွေ​များ၊ ထောက်​များ၊ ပုံ​တောင်း​များ​ကို​ကြေး ဝါ​ဖြင့်​ပြု​လုပ်​ထား​၏။-

34. လှည်း​အိမ်​အောက်​ပိုင်း​ထောင့်​လေး​ထောင့်​၌ လှည်း နှင့်​တစ်​ဆက်​တည်း​သွန်း​လုပ်​ထား​သော​ထောက် တိုင်​လေး​ခု​ရှိ​၏။-

35. လှည်း​၏​ထိပ်​တို့​ကို​ထု​ကိုး​လက်​မ​ရှိ​ကြေး​ဝါ​ခွေ ဖြင့်​ပတ်​၍​ထား​လေ​သည်။ ထောက်​တိုင်​များ​နှင့်​မှန် ကူ​ကွက်​ပုံ​များ​ကို​လှည်း​နှင့်​တစ်​ဆက်​တည်း​သွန်း လုပ်​သည်။-

၃ ရာ 7