2-3. လေဗနုန်တောခေါ်ခန်းမဆောင် အလျားတစ်ရာ့ငါးဆယ်ပေ၊ အနံခုနစ်ဆယ့် ငါးပေ၊ အမြင့်လေးဆယ့်ငါးပေရှိ၏။ ထို ခန်းမဆောင်တွင်သစ်ကတိုးသားတစ်ဆယ့် ငါးတိုင်ရှိသောတိုင်တန်းသုံးတန်းရှိ၏။ ထို တိုင်များပေါ်တွင်သစ်ကတိုးသားထုပ်များ တင်ထား၏။ မျက်နှာကျက်ကိုလည်းသစ် ကတိုးသားဖြင့်ပြုလုပ်ထားလေသည်။-
18. ကြေးဝါသလဲသီးကုံးနှစ်ကုံးဖြင့်လည်း ကောင်းမွမ်းမံထား၏။
19. တိုင်ထိပ်အုပ်များကို အမြင့်ခြောက်ပေရှိသည့် ကြာပွင့်ပုံသဏ္ဌာန်ပြုလုပ်၍၊-
20. ကွန်ရက်ပုံ၏အထက်ရှိထုပ်ကာအပေါ်၌တပ် ဆင်ထားလေသည်။ တိုင်ထိပ်အုပ်တစ်ခုစီ၏ပတ် လည်ရှိသလဲသီးကုံးနှစ်ကုံးတွင် သလဲသီး လုံးရေနှစ်ရာရှိသတည်း။
21. ဟိရံသည်ဤကြေးဝါတိုင်ကြီးနှစ်လုံးကို ဗိမာန်တော်အဝင်ဝရှေ့၌စိုက်ထူထားပြီး လျှင် တောင်ဘက်တိုင်ကိုယာခိန်၊ မြောက်ဘက်တိုင် ကိုဗောဇဟူ၍လည်းကောင်းနာမည်မှည့်၏။-
22. ထိုတိုင်ကြီးတို့တွင်ကြာပွင့်ပုံသဏ္ဌာန်တိုင် ထိပ်အုပ်များရှိလေသည်။ သို့ဖြစ်၍တိုင်ကြီး များသွန်းလုပ်သည့်လုပ်ငန်းမှာပြီးဆုံး သတည်း။
23. ဟိရံသည်အနက်ခုနစ်ပေခွဲ၊ အချင်းတစ်ဆယ့် ငါးပေ၊ အဝန်းလေးဆယ့်ငါးပေရှိသောကြေး ဝါရေကန်ဝိုင်းကိုသွန်းလုပ်၏။-