၃ ရာ 7:12-20 Common Language Bible (BCL)

2-3. လေ​ဗ​နုန်​တော​ခေါ်​ခန်း​မ​ဆောင် အ​လျား​တစ်​ရာ့​ငါး​ဆယ်​ပေ၊ အ​နံ​ခု​နစ်​ဆယ့် ငါး​ပေ၊ အ​မြင့်​လေး​ဆယ့်​ငါး​ပေ​ရှိ​၏။ ထို ခန်း​မ​ဆောင်​တွင်​သစ်​က​တိုး​သား​တစ်​ဆယ့် ငါး​တိုင်​ရှိ​သော​တိုင်​တန်း​သုံး​တန်း​ရှိ​၏။ ထို တိုင်​များ​ပေါ်​တွင်​သစ်​က​တိုး​သား​ထုပ်​များ တင်​ထား​၏။ မျက်​နှာ​ကျက်​ကို​လည်း​သစ် က​တိုး​သား​ဖြင့်​ပြု​လုပ်​ထား​လေ​သည်။-

12. နန်း​တော်​တံ​တိုင်း၊ ဗိ​မာန်​တော်​တံ​တိုင်း​နှင့်​ဗိ​မာန် တော်​မုခ်​ဦး​ဆောင်​နံ​ရံ​တို့​ကို​ဆစ်​ပြီး​ကျောက် သုံး​ထပ်​လျှင် သစ်​က​တိုး၊ ယက်​မ​တုံး​တစ်​ထပ် ကျ​ဖြင့်​တည်​ဆောက်​ထား​သ​တည်း။

13. ရှော​လ​မုန်​မင်း​သည်​တု​ရု​မြို့​သား၊ လက်​ရာ မြောက်​သူ​ကြေး​ဝါ​ပန်း​တဉ်း​ဆ​ရာ​ဟိ​ရံ​ကို ဖိတ်​ခေါ်​တော်​မူ​၏။-

14. ကွယ်​လွန်​သွား​ပြီ​ဖြစ်​သော​သူ​၏​ဖ​ခင်​သည်​လည်း တု​ရု​မြို့​တွင်​နေ​ထိုင်​ခဲ့​၍​လက်​ရာ​မြောက်​သည့် ကြေး​ဝါ​ပန်း​တဉ်း​ဆ​ရာ​ပင်​ဖြစ်​သည်။ သူ​၏ မိ​ခင်​မှာ​န​ဿ​လိ​အ​နွယ်​ဝင်​ဖြစ်​ပေ​သည်။ ဟိ​ရံ သည်​အ​သိ​ဉာဏ်​ရှိ​၍​အ​လုပ်​ရည်​ဝ​သူ​တစ်​ဦး ဖြစ်​၏။ သူ​သည်​ရှော​လ​မုန်​မင်း​ဖိတ်​ခေါ်​စေ​ခိုင်း သည့်​အ​တိုင်း ကြေး​ဝါ​လုပ်​ငန်း​မှန်​သ​မျှ​ကို တာ​ဝန်​ယူ​၍​ဆောင်​ရွက်​လေ​သည်။

15. ဟိ​ရံ​သည်​အ​မြင့်​နှစ်​ဆယ့်​ခု​နစ်​ပေ၊ လုံး​ပတ် တစ်​ဆယ့်​ရှစ်​ပေ​ရှိ​သော​ကြေး​ဝါ​တိုင်​ကြီး နှစ်​လုံး​ကို​သွန်း​လုပ်​၍ ဗိ​မာန်​တော်​အ​ဝင်​ဝ မှာ​ထား​ရှိ​၏။-

16. ထို​တိုင်​ကြီး​များ​ထိပ်​တွင်​တပ်​ဆင်​ရန် အ​မြင့် ခု​နစ်​ပေ​ခွဲ​ရှိ​ကြေး​ဝါ​တိုင်​အုပ်​နှစ်​ခု​ကို လည်း​ပြု​လုပ်​လေ​သည်။-

17. တိုင်​ထိပ်​တိုင်း​ကို​လည်း​ကြေး​ဝါ​ကွန်​ရွက်​များ ဖြင့်​လည်း​ကောင်း၊-

18. ကြေး​ဝါ​သ​လဲ​သီး​ကုံး​နှစ်​ကုံး​ဖြင့်​လည်း ကောင်း​မွမ်း​မံ​ထား​၏။

19. တိုင်​ထိပ်​အုပ်​များ​ကို အ​မြင့်​ခြောက်​ပေ​ရှိ​သည့် ကြာ​ပွင့်​ပုံ​သဏ္ဌာန်​ပြု​လုပ်​၍၊-

20. ကွန်​ရက်​ပုံ​၏​အ​ထက်​ရှိ​ထုပ်​ကာ​အ​ပေါ်​၌​တပ် ဆင်​ထား​လေ​သည်။ တိုင်​ထိပ်​အုပ်​တစ်​ခု​စီ​၏​ပတ် လည်​ရှိ​သ​လဲ​သီး​ကုံး​နှစ်​ကုံး​တွင် သ​လဲ​သီး လုံး​ရေ​နှစ်​ရာ​ရှိ​သ​တည်း။

၃ ရာ 7