10. အမြစ်တည်ဆောက်သည့်ကျောက်များမှာကျောက် ခွဲစခန်းတွင်ဆစ်ထားသည့်ကျောက်တုံးကြီး များဖြစ်၍ အချို့မှာအလျားတစ်ဆယ့်နှစ်ပေ၊ အချို့မှာတစ်ဆယ့်ငါးပေရှိသတည်း။-
11. ကျောက်တုံးကြီးများအပေါ်တွင်ထပ်ဆင့်၍ အတိုင်းအတာအရဆစ်ထားသည့်အခြား ကျောက်များ၊ သစ်ကတိုးယက်မတုံးများ နှင့်တည်ဆောက်ထား၏။-
12. နန်းတော်တံတိုင်း၊ ဗိမာန်တော်တံတိုင်းနှင့်ဗိမာန် တော်မုခ်ဦးဆောင်နံရံတို့ကိုဆစ်ပြီးကျောက် သုံးထပ်လျှင် သစ်ကတိုး၊ ယက်မတုံးတစ်ထပ် ကျဖြင့်တည်ဆောက်ထားသတည်း။
13. ရှောလမုန်မင်းသည်တုရုမြို့သား၊ လက်ရာ မြောက်သူကြေးဝါပန်းတဉ်းဆရာဟိရံကို ဖိတ်ခေါ်တော်မူ၏။-
14. ကွယ်လွန်သွားပြီဖြစ်သောသူ၏ဖခင်သည်လည်း တုရုမြို့တွင်နေထိုင်ခဲ့၍လက်ရာမြောက်သည့် ကြေးဝါပန်းတဉ်းဆရာပင်ဖြစ်သည်။ သူ၏ မိခင်မှာနဿလိအနွယ်ဝင်ဖြစ်ပေသည်။ ဟိရံ သည်အသိဉာဏ်ရှိ၍အလုပ်ရည်ဝသူတစ်ဦး ဖြစ်၏။ သူသည်ရှောလမုန်မင်းဖိတ်ခေါ်စေခိုင်း သည့်အတိုင်း ကြေးဝါလုပ်ငန်းမှန်သမျှကို တာဝန်ယူ၍ဆောင်ရွက်လေသည်။
15. ဟိရံသည်အမြင့်နှစ်ဆယ့်ခုနစ်ပေ၊ လုံးပတ် တစ်ဆယ့်ရှစ်ပေရှိသောကြေးဝါတိုင်ကြီး နှစ်လုံးကိုသွန်းလုပ်၍ ဗိမာန်တော်အဝင်ဝ မှာထားရှိ၏။-
16. ထိုတိုင်ကြီးများထိပ်တွင်တပ်ဆင်ရန် အမြင့် ခုနစ်ပေခွဲရှိကြေးဝါတိုင်အုပ်နှစ်ခုကို လည်းပြုလုပ်လေသည်။-
17. တိုင်ထိပ်တိုင်းကိုလည်းကြေးဝါကွန်ရွက်များ ဖြင့်လည်းကောင်း၊-
18. ကြေးဝါသလဲသီးကုံးနှစ်ကုံးဖြင့်လည်း ကောင်းမွမ်းမံထား၏။
19. တိုင်ထိပ်အုပ်များကို အမြင့်ခြောက်ပေရှိသည့် ကြာပွင့်ပုံသဏ္ဌာန်ပြုလုပ်၍၊-