၃ ရာ 7:1-18 Common Language Bible (BCL)

1. ရှော​လ​မုန်​မင်း​သည်​မိ​မိ​အ​တွက်​နန်း​တော်​ကို တစ်​ဆယ့်​သုံး​နှစ်​နှင့်​အ​ပြီး​သတ်​တည်​ဆောက် တော်​မူ​လေ​သည်။-

4. နံ​ရံ​နှစ်​ခု​၌​မျက်​နှာ​ချင်း​ဆိုင်​ပြူ​တင်း ပေါက်​သုံး​တန်း​စီ​ရှိ​၏။-

5. တံ​ခါး​ပေါက်​များ​နှင့်​ပြူ​တင်း​ပေါက်​များ​တွင် ထောင့်​မှန်​စ​တု​ဂံ​ပုံ​သဏ္ဌာန်​တံ​ခါး​ဘောင်​များ ရှိ​၏။

6. ထောက်​တိုင်​များ​ပါ​သော​ခန်း​မ​ဆောင်​မှာ​အ​လျား ခု​နစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​ငါး​ပေ​ရှိ​၏။ ၎င်း​၏​မျက်​နှာ​စာ​မှာ​တိုင်​များ​နှင့်​တ​ကွ အ​မိုး​ရှိ​၏။

7. အ​မှု​အ​ခင်း​များ​ကို​ရှော​လ​မုန်​စစ်​ဆေး​စီ​ရင် သည့် တ​ရား​စီ​ရင်​ရာ​ခန်း​မ​ဆောင်​ဟု​ခေါ်​သော ရာ​ဇ​ပလ္လင်​ခန်း​ကို​ကြမ်း​ပြင်​မှ​ဒိုင်း​များ​အ​ထိ သစ်​က​တိုး​သား​ပျဉ်​ဖြင့်​ခင်း​ကာ​ထား​လေ သည်။

8. တ​ရား​စီ​ရင်​ရာ​ခန်း​မ​ဆောင်​၏​နောက်​၌ တံ တိုင်း​တစ်​ခု​အ​တွင်း​တွင်​ရှော​လ​မုန်​၏​စံ​နန်း ဆောင်​ကို အ​ခြား​အ​ဆောက်​အ​အုံ​များ​နည်း တူ​ဆောက်​လုပ်​ထား​၏။ မင်း​ကြီး​သည်​မိ​မိ​၏ မိ​ဖု​ရား​ဖြစ်​သူ​အီ​ဂျစ်​ဘု​ရင်​၏​သ​မီး တော်​အ​တွက် စံ​အိမ်​တော်​ကို​လည်း​မိ​မိ​၏ စံ​နန်း​ကဲ့​သို့​ပင်​ဆောက်​လုပ်​တော်​မူ​လေ သည်။

9. ဤ​အ​ဆောက်​အ​အုံ​ရှိ​သ​မျှ​ကို​အ​မြစ်​မှ တံ​စက်​မြိတ်​တိုင်​အောင် ကျောက်​တုံး​များ​ဖြင့် ဆောက်​လုပ်​ထား​၏။ ထို​ကျောက်​တို့​ကို​ကျောက် ခွဲ​စခန်း​တွင်​အ​တိုင်း​အ​တာ​အ​ရ ဆစ်​၍ အ​တွင်း​အပြင်​တို့​ကို​လွှ​ဖြင့်​ညှိ​ထား လေ​သည်။-

10. အ​မြစ်​တည်​ဆောက်​သည့်​ကျောက်​များ​မှာ​ကျောက် ခွဲ​စ​ခန်း​တွင်​ဆစ်​ထား​သည့်​ကျောက်​တုံး​ကြီး များ​ဖြစ်​၍ အ​ချို့​မှာ​အ​လျား​တစ်​ဆယ့်​နှစ်​ပေ၊ အ​ချို့​မှာ​တစ်​ဆယ့်​ငါး​ပေ​ရှိ​သ​တည်း။-

11. ကျောက်​တုံး​ကြီး​များ​အ​ပေါ်​တွင်​ထပ်​ဆင့်​၍ အ​တိုင်း​အ​တာ​အ​ရ​ဆစ်​ထား​သည့်​အ​ခြား ကျောက်​များ၊ သစ်​က​တိုး​ယက်​မ​တုံး​များ နှင့်​တည်​ဆောက်​ထား​၏။-

12. နန်း​တော်​တံ​တိုင်း၊ ဗိ​မာန်​တော်​တံ​တိုင်း​နှင့်​ဗိ​မာန် တော်​မုခ်​ဦး​ဆောင်​နံ​ရံ​တို့​ကို​ဆစ်​ပြီး​ကျောက် သုံး​ထပ်​လျှင် သစ်​က​တိုး၊ ယက်​မ​တုံး​တစ်​ထပ် ကျ​ဖြင့်​တည်​ဆောက်​ထား​သ​တည်း။

13. ရှော​လ​မုန်​မင်း​သည်​တု​ရု​မြို့​သား၊ လက်​ရာ မြောက်​သူ​ကြေး​ဝါ​ပန်း​တဉ်း​ဆ​ရာ​ဟိ​ရံ​ကို ဖိတ်​ခေါ်​တော်​မူ​၏။-

14. ကွယ်​လွန်​သွား​ပြီ​ဖြစ်​သော​သူ​၏​ဖ​ခင်​သည်​လည်း တု​ရု​မြို့​တွင်​နေ​ထိုင်​ခဲ့​၍​လက်​ရာ​မြောက်​သည့် ကြေး​ဝါ​ပန်း​တဉ်း​ဆ​ရာ​ပင်​ဖြစ်​သည်။ သူ​၏ မိ​ခင်​မှာ​န​ဿ​လိ​အ​နွယ်​ဝင်​ဖြစ်​ပေ​သည်။ ဟိ​ရံ သည်​အ​သိ​ဉာဏ်​ရှိ​၍​အ​လုပ်​ရည်​ဝ​သူ​တစ်​ဦး ဖြစ်​၏။ သူ​သည်​ရှော​လ​မုန်​မင်း​ဖိတ်​ခေါ်​စေ​ခိုင်း သည့်​အ​တိုင်း ကြေး​ဝါ​လုပ်​ငန်း​မှန်​သ​မျှ​ကို တာ​ဝန်​ယူ​၍​ဆောင်​ရွက်​လေ​သည်။

15. ဟိ​ရံ​သည်​အ​မြင့်​နှစ်​ဆယ့်​ခု​နစ်​ပေ၊ လုံး​ပတ် တစ်​ဆယ့်​ရှစ်​ပေ​ရှိ​သော​ကြေး​ဝါ​တိုင်​ကြီး နှစ်​လုံး​ကို​သွန်း​လုပ်​၍ ဗိ​မာန်​တော်​အ​ဝင်​ဝ မှာ​ထား​ရှိ​၏။-

16. ထို​တိုင်​ကြီး​များ​ထိပ်​တွင်​တပ်​ဆင်​ရန် အ​မြင့် ခု​နစ်​ပေ​ခွဲ​ရှိ​ကြေး​ဝါ​တိုင်​အုပ်​နှစ်​ခု​ကို လည်း​ပြု​လုပ်​လေ​သည်။-

17. တိုင်​ထိပ်​တိုင်း​ကို​လည်း​ကြေး​ဝါ​ကွန်​ရွက်​များ ဖြင့်​လည်း​ကောင်း၊-

18. ကြေး​ဝါ​သ​လဲ​သီး​ကုံး​နှစ်​ကုံး​ဖြင့်​လည်း ကောင်း​မွမ်း​မံ​ထား​၏။

၃ ရာ 7