1. ရှောလမုန်မင်းသည်မိမိအတွက်နန်းတော်ကို တစ်ဆယ့်သုံးနှစ်နှင့်အပြီးသတ်တည်ဆောက် တော်မူလေသည်။-
4. နံရံနှစ်ခု၌မျက်နှာချင်းဆိုင်ပြူတင်း ပေါက်သုံးတန်းစီရှိ၏။-
5. တံခါးပေါက်များနှင့်ပြူတင်းပေါက်များတွင် ထောင့်မှန်စတုဂံပုံသဏ္ဌာန်တံခါးဘောင်များ ရှိ၏။
6. ထောက်တိုင်များပါသောခန်းမဆောင်မှာအလျား ခုနစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်ငါးပေရှိ၏။ ၎င်း၏မျက်နှာစာမှာတိုင်များနှင့်တကွ အမိုးရှိ၏။
7. အမှုအခင်းများကိုရှောလမုန်စစ်ဆေးစီရင် သည့် တရားစီရင်ရာခန်းမဆောင်ဟုခေါ်သော ရာဇပလ္လင်ခန်းကိုကြမ်းပြင်မှဒိုင်းများအထိ သစ်ကတိုးသားပျဉ်ဖြင့်ခင်းကာထားလေ သည်။
8. တရားစီရင်ရာခန်းမဆောင်၏နောက်၌ တံ တိုင်းတစ်ခုအတွင်းတွင်ရှောလမုန်၏စံနန်း ဆောင်ကို အခြားအဆောက်အအုံများနည်း တူဆောက်လုပ်ထား၏။ မင်းကြီးသည်မိမိ၏ မိဖုရားဖြစ်သူအီဂျစ်ဘုရင်၏သမီး တော်အတွက် စံအိမ်တော်ကိုလည်းမိမိ၏ စံနန်းကဲ့သို့ပင်ဆောက်လုပ်တော်မူလေ သည်။
9. ဤအဆောက်အအုံရှိသမျှကိုအမြစ်မှ တံစက်မြိတ်တိုင်အောင် ကျောက်တုံးများဖြင့် ဆောက်လုပ်ထား၏။ ထိုကျောက်တို့ကိုကျောက် ခွဲစခန်းတွင်အတိုင်းအတာအရ ဆစ်၍ အတွင်းအပြင်တို့ကိုလွှဖြင့်ညှိထား လေသည်။-
10. အမြစ်တည်ဆောက်သည့်ကျောက်များမှာကျောက် ခွဲစခန်းတွင်ဆစ်ထားသည့်ကျောက်တုံးကြီး များဖြစ်၍ အချို့မှာအလျားတစ်ဆယ့်နှစ်ပေ၊ အချို့မှာတစ်ဆယ့်ငါးပေရှိသတည်း။-
11. ကျောက်တုံးကြီးများအပေါ်တွင်ထပ်ဆင့်၍ အတိုင်းအတာအရဆစ်ထားသည့်အခြား ကျောက်များ၊ သစ်ကတိုးယက်မတုံးများ နှင့်တည်ဆောက်ထား၏။-
12. နန်းတော်တံတိုင်း၊ ဗိမာန်တော်တံတိုင်းနှင့်ဗိမာန် တော်မုခ်ဦးဆောင်နံရံတို့ကိုဆစ်ပြီးကျောက် သုံးထပ်လျှင် သစ်ကတိုး၊ ယက်မတုံးတစ်ထပ် ကျဖြင့်တည်ဆောက်ထားသတည်း။