6. အောက်ဆုံးထပ်အခန်းများသည်အကျယ် ခုနစ်ပေခွဲ၊ အလယ်ထပ်၌ကိုးပေစီ၊ အပေါ် ဆုံးထပ်၌ဆယ်ပေခွဲစီရှိ၏။ ထိုအခန်းများ ကိုဆောက်လုပ်ရာတွင်ယက်မများကို နံရံ ကိုမဖောက်ဘဲနံရံပေါ်တွင်တင်၍ဆောက် လုပ်နိုင်စေရန် ဗိမာန်တော်နံရံတို့ကိုအထက် ထပ်တွင်အောက်ထပ်ထက်ပို၍ပါးအောင် ပြုလုပ်ထားလေသည်။
7. ဗိမာန်တော်ဆောက်လုပ်ရာတွင် အသုံးပြုသည့် ကျောက်များကိုကျောက်တွင်းတွင်ဆစ်ပြီးမှ ယူခဲ့သဖြင့် ဗိမာန်တော်တည်ဆောက်ချိန်၌ တူ၊ ပုဆိန်စသောသံတန်ဆာများနှင့်ထုလုပ် သံမကြားရချေ။
8. အောက်ဆုံးခန်းငယ်အဝင်ဝမှာဗိမာန်တော် ၏တောင်ဘက်တွင်ရှိ၏။ ဒုတိယနှင့်တတိယ ထပ်များသို့တက်ရန်လှေကားများတပ်ဆင် ထား၏။-
9. ဗိမာန်တော်ကိုတည်ဆောက်ပြီးသောအခါ ရှောလမုန်သည် သစ်ကတိုးသားထုပ်များ ပျဉ်များဖြင့်မျက်နှာကျက်ကိုတပ်ဆင် တော်မူ၏။-
10. တစ်ထပ်လျှင်ခုနစ်ပေခွဲမြင့်သည့်သုံးထပ် အခန်းငယ်များကိုဗိမာန်တော်အပြင်နံရံ များနှင့်ကပ်၍ဆောက်လုပ်ပြီးလျှင် သစ်ကတိုး ယက်မများဖြင့်နံရံနှင့်ဆက်စပ်၍ထား လေသည်။