၃ ရာ 6:3-6 Common Language Bible (BCL)

3. မျက်​နှာ​စာ​မုဒ်​ဦး​ဆောင်​သည်​ဗိ​မာန်​တော်​ကဲ့​သို့ ပင် အ​လျား​တစ်​ဆယ့်​ငါး​ပေ၊ အ​နံ​ပေ​သုံး​ဆယ် ရှိ​လေ​သည်။-

4. ဗိ​မာန်​တော်​နံ​ရံ​များ​တွင်​ပြူတင်း​ပေါက်​များ​ရှိ ၍ ယင်း​တို့​၏​အ​ပြင်​ပိုင်း​သည်​အ​တွင်း​ပိုင်း ထက်​ပို​၍​ကျဉ်း​၏။-

5. ဗိ​မာန်​တော်​၏​အ​ပြင်​နံ​ဘေး​နှစ်​ဘက်​နံ​ရံ​များ နှင့်​ကျော​ဘက်​နံ​ရံ​တွင်​ကပ်​၍ အ​ခန်း​ငယ်​များ ကို​ဆောက်​လုပ်​ထား​လေ​သည်။ ထို​အ​ခန်း​ငယ် များ​မှာ​အ​ထပ်​သုံး​ထပ်​ရှိ​၍​တစ်​ထပ်​လျှင် ခု​နစ်​ပေ​ခွဲ​စီ​မြင့်​၏။-

6. အောက်​ဆုံး​ထပ်​အ​ခန်း​များ​သည်​အ​ကျယ် ခု​နစ်​ပေ​ခွဲ၊ အ​လယ်​ထပ်​၌​ကိုး​ပေ​စီ၊ အ​ပေါ် ဆုံး​ထပ်​၌​ဆယ်​ပေ​ခွဲ​စီ​ရှိ​၏။ ထို​အ​ခန်း​များ ကို​ဆောက်​လုပ်​ရာ​တွင်​ယက်​မ​များ​ကို နံ​ရံ ကို​မ​ဖောက်​ဘဲ​နံ​ရံ​ပေါ်​တွင်​တင်​၍​ဆောက် လုပ်​နိုင်​စေ​ရန် ဗိ​မာန်​တော်​နံ​ရံ​တို့​ကို​အ​ထက် ထပ်​တွင်​အောက်​ထပ်​ထက်​ပို​၍​ပါး​အောင် ပြု​လုပ်​ထား​လေ​သည်။

၃ ရာ 6