7. ရှောလမုန်မင်းမှာကြားသောစကားကို ကြားရသောအခါ ဟိရံမင်းသည်လွန်စွာ အားရနှစ်သက်သဖြင့်``ဤသို့ကြီးမားသည့် နိုင်ငံတော်ကိုအုပ်စိုးရန်အတွက် ဒါဝိဒ် အားဤမျှပညာရှိသောသားကိုပေးတော် မူသောထာဝရဘုရားအား ယနေ့ထော မနာပြုကြလော့'' ဟုမြွက်ဆိုတော်မူ၏။-
8. ထိုနောက်ဟိရံသည် ရှောလမုန်ထံသို့``အဆွေ တော်ပေးပို့သောအမှာတော်စကားကိုကြား သိပါပြီ။ ကျွန်ုပ်သည်အဆွေတော်မှာကြား လိုက်သည့်အတိုင်းဆောင်ရွက်ရန်အသင့်ရှိ ပါ၏။ အဆွေတော်၏ထံသို့သစ်ကတိုး နှင့်ထင်းရှူးသစ်များကိုပေးပို့လိုက်ပါ မည်။-
9. ကျွန်ုပ်၏လူတို့သည်သစ်လုံးများကိုလေ ဗနုန်တောင်မှပင်လယ်ကမ်းခြေအထိယူ ဆောင်ကာဖောင်ဖွဲ့၍ အဆွေတော်အလိုရှိ ရာဆိပ်ကမ်းသို့မျှောချပေးပါမည်။ သူ တို့သည်ထိုဆိပ်ကမ်းတွင်ဖောင်များကို ဖျက်၍ သစ်လုံးများကိုအဆွေတော်၏လူ တို့အားပေးအပ်ကြပါမည်။ အဆွေတော် အနေဖြင့်ကျွန်ုပ်၏လူများအတွက်စား နပ်ရိက္ခာကိုထောက်ပံ့စေလိုပါသည်'' ဟု ပြန်ကြားလိုက်၏။
10. ထို့ကြောင့်ဟိရံကရှောလမုန်လိုသမျှ သော သစ်ကတိုးနှင့်ထင်းရှူးသစ်ကိုပေးပို့၍၊-
11. ရှောလမုန်ကလည်းဟိရံ၏လူများစားသုံး ရန်အတွက် တစ်နှစ်လျှင်ဂျုံဆန်တင်းတစ်သိန်း နှင့်သံလွင်ဆီအစစ်ဂါလံတစ်သိန်းတစ် သောင်းကိုပေးပို့လေသည်။
12. ထာဝရဘုရားသည်ကတိတော်ရှိသည့်အတိုင်း ရှောလမုန်အားဉာဏ်ပညာကိုပေးတော်မူ၏။ ဟိရံနှင့်ရှောလမုန်တို့သည်ငြိမ်းချမ်းစွာ နေထိုင်လျက် မဟာမိတ်စာချုပ်ချုပ်ဆိုကြ လေသည်။