၃ ရာ 5:1-4 Common Language Bible (BCL)

1. တု​ရု​ဘု​ရင်​ဟိ​ရံ​သည် ဒါ​ဝိဒ်​မင်း​၏​အ​ဆွေ တော်​အ​ဖြစ်​နှင့်​အ​စဉ်​နေ​ထိုင်​ခဲ့​သူ​ဖြစ်​၏။ ထို့​ကြောင့်​ခ​မည်း​တော်​ဒါ​ဝိဒ်​၏​အ​ရိုက်​အ​ရာ ကို​ရှော​လ​မုန်​ဆက်​ခံ​၍ နန်း​တက်​သည့်​အ​ကြောင်း ကို​ကြား​သိ​သော​အ​ခါ​သံ​တ​မန်​များ​ကို ရှော​လ​မုန်​ထံ​သို့​စေ​လွှတ်​လေ​သည်။-

2-3. ရှော​လ​မုန်​သည်​ဟိ​ရံ​အား``ကျွန်ုပ်​ခ​မည်း တော်​ဒါ​ဝိဒ်​သည် မိ​မိ​ပတ်​လည်​ရှိ​ရန်​သူ နိုင်​ငံ​များ​ကို​အ​မြဲ​တ​စေ​တိုက်​ခိုက်​လျက် နေ​ရ​သ​ဖြင့် သူ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​ကို​ဝတ်​ပြု​ရန်​အ​တွက် ဗိ​မာန်​တော် ကို​မ​တည်​မ​ဆောက်​နိုင်​ခဲ့​ကြောင်း​အ​ဆွေ တော်​သိ​ပါ​၏။ သူ​၏​ရန်​သူ​အ​ပေါင်း​တို့ အား ထာ​ဝ​ရ​ဘု​ရား​မ​နှိမ်​နင်း​မ​ချင်း သူ​သည်​ဗိ​မာန်​တော်​ကို​မ​တည်​မ​ဆောက် နိုင်​ပါ။-

4. သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ကျွန်ုပ်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ပတ်​ဝန်း​ကျင် အ​ရပ်​ရပ်​၌​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ပေး တော်​မူ​ပါ​ပြီ။ ကျွန်ုပ်​မှာ​ရန်​သူ​မ​ရှိ​ပါ။ ရန် သူ​တိုက်​ခိုက်​မည့်​အန္တ​ရာယ်​လည်း​မ​ရှိ​ပါ။-

၃ ရာ 5