8. ထိုဘုရင်ခံများနှင့်သူတို့ပိုင်သည့်နယ်များ မှာအောက်ပါအတိုင်းဖြစ်၏။ဗင်ဟုရ၊ဧဖရိမ်တောင်ကုန်း
9. ဗင်ဒေကာ၊မာကတ်မြို့၊ရှာလဗိမ်မြို့၊ဗက်ရှေမက်မြို့၊ ဧလုဒ်မြို့နှင့်ဗက်ဟနန်မြို့၊
10. ဗင်ဟေသက်၊အရုဗုတ်မြို့၊စောခေါမြို့နှင့်ဟေဖာ နယ်မြေတစ်ခုလုံး၊
11. ရှောလမုန်၏သမီးတော်တာဖတ်နှင့်စုံဖက်သည့် ဗင်အဘိနဒပ်၊ဒေါရနယ်မြေတစ်ခုလုံး၊
12. အဟိလုပ်၏သားဗာန၊တာနက်မြို့၊မေဂိဒ္ဒေါမြို့နှင့် တကွ အာဗေလမဟောလမြို့များနှင့်ယုတ်နန် မြို့တိုင်အောင်ရှိသည့်နယ်မြေတစ်ခုလုံး။ ထိုနယ် မြေသည်ဗက်ရှန်မြို့နှင့်ဇာတနမြို့များအနီး၊ ယေဇရေလမြို့၏တောင်ဘက်တွင်ရှိသတည်း။