၃ ရာ 4:6-22 Common Language Bible (BCL)

6. နန်း​တော်​အုပ်၊ အ​ဟိ​ရှာ၊ ချွေး​တပ်​ဝန်၊ အာ​ဗ​ဒ ၏​သား​အ​ဒေါ​နိ​ရံ၊

7. ရှော​လ​မုန်​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​တွင် နယ်​ဘု​ရင် ခံ​တစ်​ဆယ့်​နှစ်​ယောက်​ခန့်​ထား​လေ​သည်။ ထို​သူ တို့​သည်​တစ်​ယောက်​လျှင်​တစ်​လ​စီ၊ မင်း​ကြီး နှင့်​နန်း​တော်​အ​တွက်​မိ​မိ​၏​နယ်​မှ​ရိက္ခာ​များ ကို​ပေး​ဆက်​ရ​ကြ​၏။-

8. ထို​ဘု​ရင်​ခံ​များ​နှင့်​သူ​တို့​ပိုင်​သည့်​နယ်​များ မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ဗင်​ဟု​ရ၊ဧ​ဖ​ရိမ်​တောင်​ကုန်း

9. ဗင်​ဒေ​ကာ၊မာ​ကတ်​မြို့၊ရှာ​လ​ဗိမ်​မြို့၊ဗက်​ရှေ​မက်​မြို့၊ ဧ​လုဒ်​မြို့​နှင့်​ဗက်​ဟ​နန်​မြို့၊

10. ဗင်​ဟေ​သက်၊အ​ရု​ဗုတ်​မြို့၊စော​ခေါ​မြို့​နှင့်​ဟေ​ဖာ နယ်​မြေ​တစ်​ခု​လုံး၊

11. ရှော​လ​မုန်​၏​သ​မီး​တော်​တာ​ဖတ်​နှင့်​စုံ​ဖက်​သည့် ဗင်​အ​ဘိ​န​ဒပ်၊ဒေါ​ရ​နယ်​မြေ​တစ်​ခု​လုံး၊

12. အ​ဟိ​လုပ်​၏​သား​ဗာ​န၊တာ​နက်​မြို့၊မေ​ဂိဒ္ဒေါ​မြို့​နှင့် တ​ကွ အာ​ဗေ​လ​မ​ဟော​လ​မြို့​များ​နှင့်​ယုတ်​နန် မြို့​တိုင်​အောင်​ရှိ​သည့်​နယ်​မြေ​တစ်​ခု​လုံး။ ထို​နယ် မြေ​သည်​ဗက်​ရှန်​မြို့​နှင့်​ဇာ​တ​န​မြို့​များ​အ​နီး၊ ယေ​ဇ​ရေ​လ​မြို့​၏​တောင်​ဘက်​တွင်​ရှိ​သ​တည်း။

13. ဗင်​ဂေ​ဗာ မ​နာ​ရှေ​၏​သား၊ယာ​ဣ​ရ​၏​သား​ချင်း​စု ပိုင်​သည့်​မြို့​များ​ဖြစ်​သော​ဂိ​လဒ်​ပြည်​ရှိ​ရာ​မုတ်​မြို့ နှင့်​ရွာ​များ၊ဗာ​ရှန်​ပြည်၊အာ​ဂေါ​ဘ​ဒေ​သ၊မြို့​ရိုး​နှင့် ကြေး​ဝါ​တံ​ခါး​ကျင်​များ​ဆောက်​လုပ်​တပ်​ဆင် ထား​သည့်​မြို့​ကြီး​ပေါင်း​ခြောက်​ဆယ်၊

14. ဣ​ဒေါ​၏​သား​အ​ဟိ​န​ဒပ်၊မ​ဟာ​နိမ်​မြို့​နယ်၊

15. ရှော​လ​မုန်​၏​သ​မီး​တော်​ဗာ​သ​မတ်​နှင့်​စုံ​ဖက် သည့် အ​ဟိ​မတ်၊န​ဿ​လိ​နယ်​မြေ

16. ဟု​ရှဲ​၏​သား​ဗာ​နာ၊အာ​ရှာ​ဒေ​သ​နှင့်​အာ​လုပ်​မြို့

17. ပါ​ရွာ​၏​သား​ယော​ရှ​ဖတ်၊ဣ​ဿ​ခါ​နယ်​မြေ

18. ဧ​လာ​၏​သား​ရှိ​မိ၊ဗင်္ယာ​မိန်​နယ်​မြေ

19. ဥ​ရိ​၏​သား​ဂေ​ဗ​အာ​မော​ရိ​ဘု​ရင်​ရှိ​ဟုန် နှင့်၊ဗာ​ရှန်​ဘု​ရင်​သြ​ဃ​အုပ်​စိုး​ခဲ့​သော​ဂိ​လဒ် နယ်​မြေ၊ ဤ​ဘု​ရင်​ခံ​တစ်​ဆယ်​နှစ်​ယောက် အ​ပြင် တစ်​ပြည်​လုံး​အုပ်​စိုး​ရ​သည့်​ဘု​ရင်​ခံ တစ်​ယောက်​ရှိ​သေး​သ​တည်း။

20. ယု​ဒ​နှင့်​ဣသ​ရေ​လ​ပြည်​သူ​ပြည်​သား​တို့​သည် သ​မုဒ္ဒ​ရာ​ကမ်း​ခြေ​သဲ​လုံး​နှင့်​အ​မျှ​များ​ပြား ကြ​၏။ သူ​တို့​သည်​ရွှင်​လန်း​စွာ​စား​သောက် နေ​ထိုင်​ကြ​၏။-

21. ရှော​လ​မုန်​သည်​ဥ​ဖ​ရတ်​မြစ်​မှ​ဖိ​လိတ္တိ​ပြည် နှင့်​အီ​ဂျစ်​ပြည်​နယ်​စပ်​တိုင်​အောင် ရှိ​သ​မျှ သော​တိုင်း​နိုင်​ငံ​တို့​ကို​အ​စိုး​ရ​တော်​မူ​၏။ ထို​နိုင်​ငံ​တို့​သည်​မင်း​ကြီး​အား​အ​ခွန် ပဏ္ဏာ​ဆက်​သ​ကြ​၍ မင်း​ကြီး​အ​သက်​ရှင် သ​မျှ​ကာ​လ​ပတ်​လုံး​သူ​၏​လက်​အောက် ခံ​နိုင်​ငံ​များ​ဖြစ်​ကြ​၏။

22. တစ်​နေ့​အ​တွက် ရှော​လ​မုန်​လို​အပ်​သည့်​ရိက္ခာ မှာ ဂျုံ​မှုန့်​အ​နု​တင်း​တစ်​ရာ့​ငါး​ဆယ်​နှင့်​ဂျုံ မှုန့်​အ​ကြမ်း​တင်း​သုံး​ရာ။-

၃ ရာ 4